နိုင်ငံတကာအဆင့်မီပြုလုပ်မှုတွေနဲ့ ကမ္ဘာ့အသိအမှတ်ပြု အားကစားသမားများစွာကို မွေးထုတ်ပေးလျှက်ရှိတဲ့ ပြည်တွင်း အားကစားသမားတွေထဲမှာ ကာယဗလ မောင်မယ်တွေလည်း များစွာပါဝင်လျှက်ရှိပါတယ်။ အာရှနဲ့ အရှေ့တောင်အာရှတွေမှာ ဆုအသီးသီးရယူနိုင်ခဲ့တဲ့ ကစားသမားတွေရှိသလို ပြည်တွင်း လက်ရွေးစင်ကစားသမားများစွာလည်း ထွက်ပေါ်လျှက်ရှိကြောင်း သိရပါတယ်။  

မေလ ၁၉ရက်နေ့ မနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ 16 th South East Asian Body Building And Physique Sports Championship 2019 ပွဲကို ပြည်တွင်း ရန်ကုန်မြို့မှာ ကျင်ပးပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး အရှေ့တောင်အာရှမှ ကစားသမားများစွာလာရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရပါတယ်။  

အဆိုပါ ပြိုင်ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်မြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမမှာ ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာ့ကိုယ်စားပြု ကစားသမားတွေက နိုင်ငံအလိုက် ပထမဆုရရှိမှုတွေနဲ့အတူ အခြားဆုအသီးသီးကိုလည်း ရရှိခဲ့ကြကြောင်း သိရပါတယ်။ ပြိုင်ပွဲအမှတ်တရပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - bbc b

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။