မြန်မာ့ကိုယ်စားပြုဖိုက်တာတွေထဲမှာ မြန်မာ့လက်ဝှေ့နဲ့ One Chempionship (MMA) နာမည်ကြီး ဖိုက်တာတစ်ဦးဖြစ်တဲ့ ဖိုးသော်ကလည်း တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ အောင်လအန်ဆန်းနှင့်အတူ ပြည်တွင်းလက်ဝှေ့နာမည်အကျော်အမော်တွေနဲ့လည်း ခင်မင်ရင်းနှီးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ လက်ဝှေ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ပြည်ပနိုင်ငံမှာ ဖိုက်တာများစွာကို အလဲထိုးထားနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပြည်တွင်း မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာများစွာရဲ့ ပညာတွေကိုပါ လေ့လာသင်ယူခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။    

ဖိုးသော်ကတော့ လက်ရှိပြည်ပနိုင်ငံတွေမှာ သွားရောက်လေ့ကျင့်မှုတွေပြုလုပ်လျှက်ရှိပြီး နိုင်ငံတကာအတွေ့အကြုံတွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ မကြာသေးမီက ဖိုးသော်ကတော့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ Boston က Cidatel Mix Martial Arts and Fitness gym ကိုသွားရောက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ပြည်ပ training တွေနဲ့ ပြင်ဆင်မှုတွေပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။  

အဆိုပါ ပြည်ပရောက်ပုံရိပ်တွေကို ပြသလေ့ရှိပြီး မကြာမီယှဉ်ပြိုင်မည့် ပြိုင်ပွဲတွက် ယုံကြည်မှုအပြည့်ရှိကြောင်း ပြောပြထားတာတွေ့ရပါတယ်။ လက်ရှိလေ့ကျင့်သင့်ကြားမှုတွေပြုလုပ်ပေးနေတဲ့ training ဆရာတွေနဲ့အတူ အမှတ်တရပုံရိပ်တွေရိုက်ကူးမှုနဲ့အတူ အလည်အပတ်ပုံရိပ်အချို့ကို လည်း ပြသထားတာတွေ့ရပါတယ်။ မကြာမီယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်နေတဲ့ ဖိုးသော်ရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - phoe thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။