အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်နေတဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်တဲ့ ဘုန်းမင်းနေလတို့နှစ်ယောက်ကတော့ ပွဲအခမ်းအနားလေးတစ်ခုကို အတူတူ တက်ရောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ViHo Myanmar'' ပွဲလေးကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံတဲ့ပွဲလေးပဲ ဖြစ်ပါတယ်။

အပြန်အလှန် ရင်းနှီးမှုရှိကြပေမယ့် အပြင်မှာ ပထမဆုံးအနေနဲ့ ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ဒီပွဲလေးမှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ ပန်းနုရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပွဲတက်လာကြတဲ့ ဘုန်းမင်းနဲ့ ယွန်းယွန်းတို့ကိုတော့ ပရိသတ်တွေက အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဘုန်းမင်းနဲ့ ယွန်းယွန်းတို့က ကံထူးရှင်တွေကို အတူတူ မဲနှိုက်ပြီး ရွေးချယ်ပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းမင်းနေလက "ViHo" ရဲ့ product အသစ်လေးကို ယွန်းယွန်းရဲ့လက်ပေါ်မှာတင်ပြီး သူကိုယ်တိုင် ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့တာလည်း တွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့နှစ်ယောက်ကတော့ လူငယ်တွေပီပီ သွက်သွက်လက်လက်နဲ့ တစ်ယောက်တစ်မျိုး ချစ်စရာကောင်းနေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် "ViHo" ပွဲကို အတူတူတက်ရောက်လာတဲ့ ဘုန်းမင်းနေလနဲ့ ယွန်းယွန်းတို့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Klarity Myanmar, ViHo & April Chit Thu ;

Photo Credit; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။