ပရိသတ်ကြီးရေ အရပ်မြင့်မြင့် ခန္ဓာကိုယ်ကောက်ကြောင်းလှလှနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်ကတော့ ဘိုဆန်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သန္တာဗိုလ်က အကယ်ဒမီချောရတနာရဲ့ ညီမလေးဖြစ်ပြီး ညီအစ်မနှစ်ယောက်က ရုပ်ချင်းလည်း ခပ်ဆင်ဆင်ပါပဲနော်။သန္တာဗိုလ်ကတော့ အမရဲ့ ခြေရာကို တစ်ထပ်တည်းလိုက်နင်းပြီး အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။

သန္တာဗိုလ်ကတော့ ကောင်းပြည့်နဲ့ မေတ္တာမျှလာကြတာ ချစ်သူသက်တမ်းကနှစ်တွေ အများကြီးကြာနေပါပြီနော်။ချစ်သူနှစ်ဦးလုံးက အနုပညာရှင်တွေဖြစ်ကြပြီး ဝါသနာတူ အကြိုက်တူကြလို့ အရမ်းလိုက်ဖက်ညီပြီး ပရိသတ်တွေကလည်း သဘောတူကြပါတယ်။ကောင်းပြည့်နဲ့သန္တာဗိုလ်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြပြီး ပရိသတ်တွေရဲ့ အချစ်များစွာကို ခံယူနေတာပါနော်။

အခုလက်တလောမှာတော့ သန္တာဗိုလ်က နေမကောင်းတာကြောင့် ဆေးရုံတက်လိုက်ရပြီး ချစ်သူကောင်းပြည့်ကလည်း အနီးကပ်ဂရုစိုက်ပြီး စောင့်ရှောက်ပါတယ်။အဆိုရင်တော့ သန္တာဗိုလ်လည်း နေကောင်းလို့ ဆေးရုံကဆင်းရပြီး အရင်လို Tiktok အလန်းစားလေးတွေနဲ့ သူမရဲ့ချစ်စရာပုံရိပ်လေးတွေကိုလည်း တွေ့ရတော့မှာပါနော်။အခုဆိုရင်လည်း သန္တာဗိုလ်က"တခါတစ်လေလဲ ရုပ်ဆိုးတာတွေတင်ဦးမှ လှတာတွေရွေးတင်ရတာ ပျင်းလာပြီ"ဆိုပြီး သူမရဲ့ ချစ်စရာပုံရိပ်လေးကို မျှဝေလာပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။