ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖန်တီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ အနုပညာအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတဲ့ကျော်သူဟာ Star Award အကောင်းဆုံးဒါရိုက်တာဆုကိုလည်း ပူပူနွေးနွေးပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

အခုအချိန်မှာတော့ ကျော်သူဟာ ဒဏ္ဍာရီပင်လယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ကိုယ်တိုင်သရုပ်ဆောင် ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီးတော့ ရိုက်ကူးပုံဖော်လျက်ရှိပါတယ်နော်။ အခုလည်း ခက်ခဲတဲ့ ဇာတ်ဝင်ခန်းအချို့ကို ငွေဆောင်ကမ်းခြေမှာ ညဘက် သန်းခေါင်ယံ လူတွေအိပ်မောကျနေတဲ့အချိန်တွေဖြစ်တဲ့ ည(၁၂)နာရီခန့်ကနေ မနက်(၄)နာရီကျော်လောက်အထိကို အပင်ပန်းခံပြီးရိုက်ကူးခဲ့ရပါတယ်နော်။ ကဲ... ညကြီးမင်းကြီး ကျောက်ဆောင်တွေ ဂူတွေထဲမှာခက်ခက်ခဲခဲရိုက်ကူးခဲ့ရတဲ့ ကျော်သူတို့ရဲ့ ရိုက်ကွင်းကပုံရိပ်အချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source ; Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။