ပရိသတ်ကြီးရေ လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ အဘိုးအိုတစ်ဦးကို အမျိုးသမီးတစ်ဦးက ဘတ်စ်ကားပေါ်ကနေ တွန်းချပစ်လိုက်တဲ့ ဗီဒီယိုလေးတစ်ခုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေပါတယ်။

ဒီဗီဒီယိုလေးထဲက ဖြစ်ရပ်ဟာဆိုရင်တော့ ပြီးခဲ့တဲ့ရက်ပိုင်းက လာ့ဗီးဂတ်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။

ဗီဒီယိုလေးထဲမှာဆိုရင်လည်း အမျိုးသမီးတစ်ဦးဟာ လမ်းလျှောက်တာတောင် တုန်တုန်ရီရီဖြစ်နေတဲ့ အဘိုးအိုတစ်ဦးကို ဘတ်စ်ကားပေါ်ကနေ ရက်ရက်စက်စက်တွန်းချခဲ့တာတွေ့ရပါတယ်။

ကားပေါ်ပါလာသူတွေရဲ့ ပြောကြားချက်အရတော့ အဘိုးအိုနဲ့ ၎င်းအမျိုးသမီးတို့ဟာ မှတ်တိုင်တခုရောက်၍ ခရီးသည်တွေဆင်းဖို့ ဘတ်စ်ကားရပ်တန့်လိုက်ချိန်မှာ အချင်းများနေကြသလို ၎င်းအချိန်အတွင်းမှာပဲ အမျိုးသမီးက အဘိုးအိုကို တွန်းချပစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၎င်းအမျိုးသမီးရဲ့ တွန်းချမှုကြောင့်ဆိုရင်လည်း အဘိုးအိုဟာ ကားပေါ်ကနေ လွင့်စင်ကျသွားခဲ့ပြီး လမ်းမပေါ်မှာ ပြန်မထနိုင်တော့တဲ့ အခြေအနေအထိကို ဒဏ်ရာရရှိခဲ့ရပါတယ်။

ဒါ့အပြင် နောက်ထပ်ရပ်အနည်းငယ်အကြာမှာဆိုရင် အဘိုးအိုဟာ တွန်းချခံရစဉ်က ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်ပဲ အသက်ပါသေဆုံးသွားခဲ့ရပါတယ်။

အဘိုးအိုကို တွန်းချခဲ့တဲ့အမျိုးသမီးကတော့ လက်ရှိအချိန်မှာ ရဲတပ်ဖွဲ့ရဲ့ လူသတ်မှုနဲ့တရားစွဲဆိုမှုကို ခံထားရတယ်ဆိုပေမယ့် သေဆုံးသွားတဲ့ အဘိုးအိုရဲ့မိသားစုဝင်တွေရင်ထဲက ပူဆွေးသောကတွေကိုတော့ မဖြေဖျောက်ပေးနိုင်ခဲ့ပါဘူး။

ဒ့ါအပြင် လူမဆန်တဲ့ အမျိုးသမီးတစ်ဦးကြောင့် ပြင်းထန်တဲ့နာကျင်မှုတွေကို ခံစားရင်း အသက်ပါသေဆုံးသွားခဲ့ရတဲ့ အဘိုးအိုရဲ့အဖြစ်ဟာလည်း အရမ်းရင်နာစရာကောင်းလှပါတယ်။ 

source - Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။