ပြည်တွင်း သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ များစွာရှိနေတာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ အဆိုပါ သောက်သုံးရေရှားပါးတဲ့ နေရာတွေကို ပရဟိတအဖွဲ့များ နိုင်ငံတော်မှာ တာဝန်ရှိသူများက ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုတွေလည်း ပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ သောက်သုံးရေရှားပါးတဲ့ ဒေသတွေကတော့ မြန်မာပြည်အထက်ပိုင်းဒေသတွေသာမက အောက်ပိုင်းဒေသတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။  

မေလ ၂၀ရက်နေ့ ဒီကနေ့ မှာလည်း တောင်တွင်းကြီးဒေသရှိ ရဲတပ်ဖွဲ့တစ်စုက သောက်သုံးရေ လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး "မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်ညို၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်စိုးဦး၊ ဆတ်သွား အရန်မီးသတ်တပ်ခွဲမှူး ဦးဇာနည်တို့ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၁၀ နာရီက သောက်သုံးရေ ရှားပါး/ ပြတ်လပ်လျက်ရှိသော ကင်ပွန်းတောင်အုပ်စု၊ ငါးခုံးမကျေးရွာသို့ သွားရောက်ပြီး ရေဂါလံ(၁၂၀၀)ခန့်ကို ရွာသူရွာသားများအား လှူဒါန်းခဲ့ကြောင်း" သိရပါတယ်။  

အလားတူ သောက်သုံးရေလှူဒါန်းမှုတွေကို ပြည်တွင်းနေရာအနှံ့အပြားမှာ ပြုလုပ်လေ့ရှိပြီး ရေရှားပါးဒေသတွေကို တက်နိုင်သလောက် ပရဟိတအဖွဲ့များ နိုင်ငံတာဝန်ရှိသူတွေက လှူဒါန်းကြတာတွေ့ရပါတယ်။ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှလှူဒါန်းကြတဲ့ သောက်သုံးရေလှူဒါန်းမှုပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

Photos - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။