မော်ဒယ်၊ သရုပ်ဆောင်တွေအဖြစ် အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေကြတဲ့ အောန်ဆိုင်းနဲ့ မိုးစက်ဝိုင်တို့နှစ်ယောက်ကတော့ အရမ်းကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ပြီး သွားအတူ လာအတူနဲ့ အမြဲအတွဲညီကြတဲ့ BFF တွေပဲ ဖြစ်ပါတယ်။ ခင်မင်ရင်းနှီးလာကြတဲ့ အချိန်အတော်ကြာရှိခဲ့ပြီဖြစ်တာကြောင့် အမှတ်တရတွေကလည်း တစ်ပုံကြီးရှိလို့ နေတာ ဖြစ်ပါတယ်။

ဒီနေ့ မေလ (၂၀) ရက်နေ့ကတော့ မော်ဒယ်၊ အလှမယ်၊ သရုပ်ဆောင် မိုးစက်ဝိုင်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းဖြစ်တဲ့ အောန်ဆိုင်းက မိုးစက်ဝိုင်ရဲ့ မွေးနေ့လေးမှာ အမှတ်တရပုံလေးတွေနဲ့အတူ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ အောန်ဆိုင်းက ချစ်သူငယ်ချင်းအတွက် အရင်ကနှစ်ယောက်အတူရိုက်ကူးထားတဲ့ ပုံလေးတွေအပါအဝင် ဆေးပုံလေးတွေနဲ့ပါတင်ပြီး ဆုတောင်းစကား ဆိုပေးထားတာ ဖြစ်ပါတယ်။

အောန်ဆိုင်းက " ကို့ရဲ့ အချစ်ဆုံးကြီး မွေးနေ့မှာ ပျော်ရွှင်ပါစေ။ I’m so grateful & blessed to know that I have such a beautiful & amazing BFF like you.i love you so much Moeset Wine. Ps ပုံတွေစုနေလို့ နည်းနည်းနောက်ကျ " ဆိုပြီး မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ မိုးစက်ဝိုင်နဲ့ အောန်ဆိုင်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Awn Seng;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။