ပရိသတ်ကြီးရေ.. တေးသီချင်းကောင်းတွေအပြင် ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချုလေးတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားထားတဲ့ အနုပညာရှင်အဆိုတော်မလေးကတော့ ဝိုင်းလေးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အခိုင်အမာအားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဝိုင်းလေးရဲ့ တေးသီချင်းကောင်းလေးတွေကတော့ မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေကပါ အားပေးဝန်းရံနေရသူလေးပါပဲ..။


အသည်းကျော်လေးဖြစ်တဲ့ ဝိုင်းလေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ခရီးသွားနေတာဖြစ်ပြီး လတ်တလောမှာတော့ ရွှေတြိဂံနယ်မြေကို ရောက်ရှိနေတဲ့အကြောင်းလေးကို ခရီးသွားပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အသိပေးပြောပြထားပါသေးတယ်..။

ဝိုင်းလေးကတော့ ဆိုဖီယာ၊ ဘယ်လာမြတ်သီရိလွင်တို့နဲ့အတူ သီချင်းဆိုဖျော်ဖြေရေးအတွက် တာချီလိတ် ချင်းမိုင်ကို ရောက်ရှိနေတာဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ ပောျ်ပျော်ပါးပါးနဲ့ အမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကတော့ ချစ်ပရိသတ်တွေကိုလည်း ကြည်နူးမှုလေးတွေ ဖြစ်ပေါ်စေမှာပါနော်..။


“ရွှေတြိဂံနယ်မြေ ရောက်ခဲ့တယ် သိလား ငယ်ငယ်တုန်းက စာထဲမှာပါတဲ့နေရာ..” ပျော်ပျော်ပါးပါး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေ အတွက် အလွမ်းပြေလေး ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြမှာပါနော်..။

လတ်တလောမှာတော့ ရွှေတြိဂံနယ်မြေကို ရောက်ရှိနေကြတဲ့ ဝိုင်းလေးရဲ့ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ ခရီးသွားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတါက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဝိုင်းလေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။