သင်္ကြန်အကြိုနေ့ရောက်ပြီဆိုတော့ သင်္ကြန်အတွင်း သာသနာ့ဘောင်ဝင်ပြီးကုသိုလ်ယူမယ့်် အနုပညာရှင်တွေရှိသလို စတုဒိသာအလှုလုပ်မယ့်သူတွေနဲ့ သင်္ကြန်ကဲမယ့် အနုပညာရှင်တွေလည်း ရှိပါတယ်။

ဒါရိုက်တာ သရုပ်ဆောင် ကိုပေါက်ကတော့ သူ့ရဲ့ သားလေးနှစ်ယောက်နဲ့အတူ သင်္ကြန်အတွင်း သာသနာ့ဘောင်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ကိုပေါက်ဟာ ဧပြီလ(၁၂)ရက်နေ့က သူတို့မိသားစုရဲ့ အလှုဖိတ်စာကို သူကိုယ်တိုုင်လက်ရေးနဲ့ရေးပြီး ဖေ့ဘုတ်စ်ကနေ မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြားထားပါတယ်။

သူ့ရဲ့ပို့စ်အောက်မှာတော့ သရုပ်ဆောင် မျိုးစန္ဒီကျော် ၊စည်သူမောင် တို့က ခရီးရောက်နေလို့ မလာနိုင်တဲ့အကြောင်းကိုလည်း ပြန်ပြောထားတာတွေ့ရပါတယ်။

“ကျွန်တော်နှင့်သား၂ယောက် မနက်ဖြန်ဘုန်းကြီးဝတ်ခြင်း ကိုရင်ဝတ်ခြင်းများ ပြုလုပ်ပါမည်။ လာချင်သူများလာနိုင်ပါသည်။ဖိတ်ပါသည်။ ၃၁ ကားဂိတ်အနီး ဓမ္မစေတီရွှေကျောင်းမှာ နေ့ဆွမ်းကပ်ပါမည်။

မလာချင်သူများလဲ ဖေ့ဘုတ်စ်မှာ မတွေ့လိုက်ပါဟု ပြောရင်လဲရပါတယ်။

ကိုပေါက်မိသားစု”

ဖိတ်စာကတော့ အလန်းပဲ ကိုပေါက်ရေ။

ဒီနေ့ ဧပြီလ(၁၃)ရက်ကစပြီး ကိုပေါက်တို့မိသားစုလိုက် အလှုကိုသွားနေတဲ့ ပုံရိပ်များကို တင်ထားပြီး ကိုပေါက်တို့သားအဖတွေကတော့ တက်ညီလက်ညီိ ဦးပဇ္ဇင်း နဲ့ကိုရင်ဝတ ်ကြမယ့်ပုံပါပဲ။

သူတို့မိသားစုလေးကြည့်ရတာ ပျော်စရာကြီးနော် ၊ပရိသတ်ကြီးလည်း ဆုတောင်းစကားပြောလိုက်ပါဦး ။ 

သတင်းအရင်းမြစ် Ko Pauk fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။