ချစ်သူရည်စားတိုင်းဟာ အမြဲတမ်းပျော်ရွှင်နေရတာမဟုတ်သလို အမြဲတမ်းလဲ တည်နေကြတာမဟုတ်ပါဘူး။ တခါတလေ ပြဿနာတက်ပြီး ရန်တွေဖြစ်ကြတယ်....တခါတလေ Surprise တွေလုပ်ပေးလို့ပျော်ရပါတယ်။ အဲ့လိုပြဿနာတက်လို့ ရန်ဖြစ်တဲ့အခါတိုင်းမှာ ချစ်သူကောင်လေးဘက်က လျော့ပေးမှကျေနပ်ကြတဲ့ ကောင်မလေးတွေများပါတယ်။ တကယ်တော့ သူတို့လဲ လူပါပဲ...ချစ်ရင်လျော့ပေးကြေးဆို ကောင်မလေးဘက်က မချစ်လို့မလျော့ပေးတဲ့ သဘောတက်ရောက်ရာ မရောက်ဘူးလား။ အာ့ကြောင့်မိန်းကလေးတွေဘက်ကလဲ ကိုယ့်ကောင်လေးစိတ်ဆိုးစိတ်တိုတဲ့အခါ ဘာလုပ်သင့်သလဲ.....။ 

၁။ ကိုယ့်ကိုကို စိတ်အေးအောင် အရင်လုပ်ပါ.....

ကောင်လေးဘက်က တစ်ခုခုအဆင်မပြေတာတွေရှိလို့ ကိုယ်နဲ့ပြဿနာတက်မယ်။ ကိုယ်ဘက်ကမှားလို့တက်ရင်လဲတက်မယ် ဒါမှမဟုတ် သူမှားတာမသိပဲ တက်ရင်တက်မယ်....ဘာပြဿာနာကြောင့်ပဲတက်တက် ကိုယ်ကောင်လေးကစိတ်တိုနေပြီဆိုရင် ကိုယ်လဲ လိုက်မတင်းပါနဲ့ ကိုယ့်ကိုကိုစိတ်အေးအေးထားလိုက်ပါ...စိတ်ရှည်ပေးလိုက်ပါ။

၂။ ဘာမှားနေလဲဆိုတာမေးပါ....

ဟုတ်တယ်လေ...မေးလိုက်ပါ...ခုဘာကြောင့်ဖြစ်တာလဲ...ဘာလုပ်နေလို့....ဘယ်နေရာမှားနေလဲဆိုပြီး သူခံစားနေရတဲ့ စိတ်ထဲမကျေဖြစ်နေတဲ့ ကိစ္စကို ထုတ်ပြောပြခိုင်းလိုက်ပါ။ အဲ့လိုမေးချင်းက တက်နေတဲ့ပြဿနာကို ဖြေရှင်းဖို့အတွက် မြန်ပါတယ်။

၃။ တောင်းပန်ပါ....

တောင်းပန်တာ ရှက်စရာမဟုတ်သလို....အောက်ကျတဲ့အရာလဲ မဟုတ်ပါဘူး။ ကိုယ်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ...တောင်းပန်လိုက်ပါ။ အလျော့ပေးလိုက်ပါ....ကောင်လေးဘက်ကလဲ ကောင်မလေးကိုချစ်ရင် သူလဲ အလိုလို ပြန်အလျော့ပေးသွားပါလိမ့်မယ်။ သူလဲ ပြန်တောင်းပန်လာပြီ ပြဿနာကို ငြိမ်အေးသွားစေမှာပါ။

၄။ သူ့ကို အပြစ်တွေ ပုံမချလိုက်ပါနဲ့.....

တက်လာတဲ့ ပြဿနာက သူမှားနေရင်တောင် မိန်းကလေးဖြစ်သူ သင်က သူ့အပေါ် အပြစ်တင်မတင်ဆိုတာ ဆုံးဖြတ်လို့ရပါတယ်။ မိန်းကလေးဖြစ်သူဘက်က သူမှာအပြစ်ရှိမရှိကို တင်လို့ရတာမို့ သူ့ကို အပြစ်မတင်မိပါစေနဲ့။ နားလည်အောင်ပြောပြပြီး သူမှားနေတယ်ဆိုတာကို မြင်အောင်လုပ်ပါ။

၅။ စကားပြောဖို့ အတင်းဖိအားမပေးပါနဲ့....

ကောင်လေးဖြစ်သူက စိတ်တိုဒေါသထွက်နေချိန်မှာ ဘာလို့စကားမပြောလဲ...စာမပြန်ဘူးလာ...စသဖြင့် သူဘက်ကစကားပြောလာအောင်အတင်းတွေဖိအားမပေးပါနဲ့.....ပုံမှန်လေးပဲ ပြောပါ။ စိတ်ရှည်လက်ရှည်နဲ့ သူ့ကို စကားတွေပြောပေးလိုက်ပါ...သူလဲ စိတ်အေးလာရင် စကားပြန်လာပြောပါလိမ့်မယ်။

၆။ အချိန်ပေးလိုက်ပါ......

ကောင်လေးက ဒေါသထွက်နေတဲ့အတွက် သူ့ကို အဲ့ဒေါသဖြစ်ခွင့်ပေးလိုက်ပါ...အချိန်ပေးလိုက်ပါ။ ကောင်မလေးဖြစ်သူဘက်ကလဲ အခြေအနေကိုကြည့်ပြီး စကားကိုနည်းနည်းပဲပြောပါ။ သူ့ကိုအချိန်ပေးလိုက်ပါ.....။

၇။ ဘာလုပ်ပေးရမလဲဆိုပြီး အကူအညီပေးပါ.....

ကောင်လေးဖြစ်သူကို မေးလိုက်ပါ....စိတ်မတိုအောင် ဘယ်လိုလုပ်ပေးရမလဲ.....ဘယ်လိုလုပ်မှ ပြေလည်မှာလဲ ဆိုပြီး ချိုချိုသာသာလေးမေးပေးလိုက်ပါ။ သူလဲရင်ထဲမှာခံစားနေရတဲ့အရာရှိရင် ဖွင့်ပြောပြပြီး သင့်ကို ဒေါသေပြေသွားစေမှာပါ။

၈။ အချိန်ကောင်းကို ရှာပါ.......

အချိန်ကောင်းကို စောင့်ပြီး သူ့ကိုစကားပြောပါ......သူုဖြစ်ချင်တာတွေဖြစ်သွားပြီးရင် သူကိုစကားတွေပြောပေးလိုက်ပါ။ အဲ့လိုချိန်သူစိတ်ထဲမှာလဲ ချစ်တယ်ဆိုရင် ငါဘာများလုပ်မိလဲဆိုပြီး စိတ်ထဲမကောင်းဖြစ်တာ သင့်ကိုချော့မော့ပြောဆိုလာပါလိမ့်မယ်။

၉။ ပြောစကားကို နားထောင်ပါ.....

ကောင်လေးပြောတဲ့ စကားတွေကို နားထောင်ပါ...သူ့ကိုပဲ အာရုံစိုက်ပေးပါ အဲ့အချိန်ဆို။ ကောင်လေးစိတ်ဆိုးရတာ ကောင်မလေးကြောင့်ဖြစ်ဖို့များပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သင့်ကိုအဲ့ချိန်မှာ လိမ္မာပါ...အရမ်းမဆိုးပါနဲ့ စသဖြင့် သူပြောနေတဲ့ချိန်မှာ ကောင်မလေးဘက်က ဟုတ်လို့ပြန်ပြောရင် သူစိတ်ထဲ အရမ်းပီတိဖြစ်နေမှာပါ။

၁၀။ ကတိလုပ်ပါ......

ကောင်လေးဒေါသထွက်စိတ်ဆိုးတိုင် ကောင်မလေးဘက်က ကတိတွေပေးပါ...နောက်မလုပ်တော့ပါဘူး...နောက်မဖြစ်စေရပါဘူး စသဖြင့် ချွဲနွဲပြောကာ ကတိတွေပေးပါ။ ကတိကိုလဲတည်ပါ...နောက်တစ်ခါအဲ့လိုအဖြစ်မျိုးထပ်မဖြစ်တော့ပါဘူး။ အရမ်းချစ်ကြတဲ့ အတွဲတွေ ဘယ်သူဘက်ကပဲ မှားမှား စိတ်ဆိုးဆိုး အလျော့ပေးပါ။ သူတင်းကိုယ်လဲတင်းနေရင်တော့ မဟုတ်သေးဘူး....ချစ်တဲ့သူပဲ လျော့ပေးလိုက်ပါ....အဆင်ပြေကြပါစေ။

Source : LoveDevani 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။