အိုင်တီခေတ်ကြီးထဲမှာ နေထိုင်သွားလာလှုပ်ရှားသူတွေဖြစ်လာကြတာမလို့ ကွန်ပျူတာ၊ ဖုန်း၊ တီဗွီ စသည့် လျှပ်စစ်ပစ္စည်းများနဲ့ ကင်းဝေးတဲ့ သူဟာမရှိသလောက်ပင် ဖြစ်ပါတယ်...။ အင်တာနက်နှင့် လျှပ်စစ်ပစ္စည်းများမှာ လူသားတို့အတွက် ကောင်းကျိုးကိုပေးသလို၊ ဆိုးကျိုးကလည်း ဒွန်တွဲနေတာပါနော်..။ facebook ကွန်ယက်ကြီးဟာလည်း ကျယ်ပြန့်လျက်ရှိပြီး ကလေးကနေ၊ လူကြီးတွေအထိ ခေါင်းငိုက်စိုက်ကာ နေရာတိုင်းလိုလို အသုံးပြုနေတာကို တွေ့မြင်ကြရမှာပါ...။ အကြောင်းကတော့ အချိန်ကြာမြင်စွာ မရပ်မနားအသုံးပြုလျှင် မျက်စိကိုထိခိုက်စေနိုင်ပြီး အာရုံကြောများကိုလည်းထိခိုက်စေပါတယ်...။

အခုခေတ်ကြီးထဲမှာ မျက်မှန်တပ်ရသူများလည်းပေါများလာပြီး လည်ပင်းနာ၊ ဇာတ်ကြောတက် ဝေဒနာများကို မခံစားဖူးသူဆိုတာ မရှိသလောက်ပင်ရှားပါးလို့နေပါတယ်..။ ထိုရောဂါဝေဒနာတွေကြောင့် ညဉ်းညူနေကြတဲ့ ကိုကို၊ မမတို့အတွက် နည်းလမ်းကောင်လေးကို ပုံရိပ်လေးနဲ့တကွ တစ်ဆင့်ခြင်းစီ ခေါင်းလေ့ကျင်ခန်းနဲ့ လက်မောင်း၊ ပခုံးတို့ အကြောပြေလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်...။ ၄၊ ၅ မိနစ်လောက်လုပ်ရုံနဲ့ လူကြီးမင်းတို့ ခံစားနေရတဲ့ လည်ပင်းနာကျင်မှုတွေ ပျောက်ကင်းသွားမှာဖြစ်ပါတယ်...။

ပထမဦးဆုံးလုပ်ရမှာက လည်ပင်းရဲ့ ကြွက်သားတွေကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ရမှာပါ..။ ပြီးတာနဲ့ လက်ပြင်ရိုးက အနောက်ကနေချိတ်ပြီး အပေါ်အောက် ချိတ်ဆွဲပေးရမှာပါဖြစ်ပါတယ်..။ နောက်တစ်ဆင့်ကတော့ လက်မောင်းနှစ်ဘက်ကို အပေါ်တင်လိုက် အောက်ချလိုက်လုပ်ပေးရုံနဲ့ သင်ရဲ့ လည်ပင်း သွေးလည်ပတ်မှုတွေ ကောင်းမွန်လာစေမှာပါ...။ ဘေးလက်မောင်း ကြွက်သွားတွေကိုလည်း နံရံနဲ့မှီပြီး လေ့ကျင့်ပေးရမှာဖြစ်ပါတယ်...။ မေးစေ့ကိုထိပြီး ဦးခေါင်းကို ရှေ့ထုတ်လိုက်၊ နောက်ဆုတ်လိုက် လုပ်ပေးခြင်းဟာလည်း ကျန်းမာရေး လေ့ကျင်ခ့န်းတစ်ခုပါနော်...။ ပုံလေးတွေနဲ့အတူ လေ့ကျင့်ခန်းလုပ်ပုံလေးတွေကို ပြသထားတာမလို့ လွယ်ကူစေမှာပါ...။ ကျန်းမာရေး ဗဟုသုတအနေနဲ့သာ ဝေမျှပေးတာဖြစ်ပြီး ပရိသတ်တို့အနေနဲ့ ရောဂါဝေဒနာ ကြီးကြီးမားမား ခံစားရပါက သက်ဆိုင်ရာဆရာဝန်နဲ့သာ ဆွေးနွေးတိုင်ပင် ကုသသင့်ကြောင်း အကြံဉာဏ်ကောင်းပါးလိုက်ပါရစေ...။

Source Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။