ပရိသတ်ကြီးကို အခုတစ်ခါ ထူးထူးဆန်းဆန်းအနေနဲ့ ဖော်ပြပေးချင်တာကတော့ လွန်ခဲ့သည့် နှစ်ပေါင်း 1600 ဂရိဘုရင် King Lycurgus of Thrace ၏ လက်ထက် က ရိုမန်ကတ်သလစ် ဘာသာရေး ခွက် ကလေးဖြစ်ပြီး ဆုတောင်းပြည့် ခွက်ကလေး ဖြစ်သည်ဟု သိရပါတယ်။အရင်တုန်းက ရှိခဲ့တဲ့ ဒဏ္ဍာရီတွေအရ ဒီခွက်ကလေးဟာ ဆုတောင် ပြည့်လျင် သွေးရောင် ပြောင်းလဲ သွားတက်သည်ဟု နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။ 

သို့သော် 1990 သိပ္ပံပညာ ရှင်တို့တွေ့ရှိချက် အရ ထိုခွက်လေးဟာ ရွှေ နှင့် ငွေ သတ္တု အမှုန့်တို့ကို အိမ်သုံးဆား အရွယ် အစား ၏ အပုံတစ်ထောင် ပုံ တစ်ပုံလောက် အထိသေးငယ်အောင် ပြုလုပ် ကာ ဖန်နှင့် အချိုးညီညီရောစပ် ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် အာ့ဒီခေတ်က လက်မှုပညာအတတ်ဟာ မမှန်းဆရလောက်အောင် ကောင်းမွန်းလွန်းလှတယ်လို့ ပညာရှင်တွေက ချီးကျူးထားပါတယ်။ 

ထိုခွက်ကလေးဟာ မျက်လုံး ၊ အလင်း ရောင် ထောင့် နှင့် ခွက်တည် နေရာ လိုက်ပြီး ပြောင်းလဲစေနိုင်တဲ့ နာနို နည်းပညာတေနွ ပါဝင်နေတဲ့ ခွက်လေးတစ်ခွက် ဖြစ်နေတယ်ဆိုတာကို ထပ်မံ တွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒီနေရာမှာ စဉ်းစားစရာရှိတာက ရှေးခေတ်က လူတွေ ဟာ နာနို နည်းပညာ ကို ဘယ်လိုရှာတွေ့ ခဲ့သလဲ ဆိုတာ မေးခွန်းထုတ်စရာ ကောင်းလွန်းလှပြီး ယနေ့အချိန်အထိ ဒီခွက်လေးရဲ့ သမိုင်းကြောင်းဟာ သိပ္ပံပညာရှင်တွေကို ခေါင်းစားစေတဲ့ ပဟေဠိအဖြစ်၇ှိလို့နေပါသေးတယ် ပရိသတ်ကြီးရေ...

Source : Original Uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။