“ မင်းနားကဝဲတဲ့ လိပ်ပြာတွေလောက်တော့ တို့ကဘယ်လှမလဲ" ဆိုတဲ့စာသားလေးနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲကိုဝင်ရောက်လာသူလေးကတော့ ပုရိသတို့ရဲ့ အသည်းစွဲအချစ်တော် တေးသံရှင် Maryပဲ ဖြစ်ပါတယ်။ ” ဝဲ " ၊ ” Mask " ၊ ” 3 am " စတဲ့တေးသီချင်းများဟာ သူမကိုလူသိများစေတဲ့ သီချင်းများပါ။ ဂျပန်မှာကျောင်းတက်နေပြီး မြန်မာပြည်ကိုခဏတာ ပြန်လည်ရောက်ရှိနေတဲ့ Mary ဟာသူများထက်ထူးခြားတဲ့ အသံကာလာလေးနဲ့အတူ သူမရဲ့ချစ်စဖွယ်မျက်နှာလေးကြောင့် လူမှုကွန်ယက်တွင်ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။

Mary ဟာ ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ ထူးခြားတဲ့ဖန်တီးမှုတွေကြောင့်ပဲ အချိန်တိုအတွင်းအောင်မြင်လာသော တေးသံရှင်တစ်ဦးဆိုရင်လည်း မမှားနိုင်ပါဘူး။ သူမဟာ မကြာသေးမီကပဲ “ Midnight Thoughts(သန်းခေါင်ယံ အတွေးများ) " ဆိုတဲ့music album လေးထွက်ရှိထားပါသေးတယ်။ ဒီအခွေလေးထဲမှာ သီချင်းအသစ်လေးများအပြင် အရင်သူမထွက်ရှိထားခဲ့တဲ့ သီချင်းအဟောင်းလေးတွေပါ ပြန်လည်ပါဝင်လာတာတွေ့ရှိရပါတယ်။

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကိုလည်း ဝေမျှလေ့ရှိရာအခုတစ်ခေါက်မှာလည်း သူမရဲ့ဆယ်ကျော်သက်အရွယ်ကပုံရိပ်လေးကိုတင်ထားတာပါ။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း “ ငယ်ငယ်တုန်းက ” ဆိုပြီးဝေမျှထားတာဖြစ်ပြီး ပရိသတ်များကလည်း သွားသေးသေးနဲ့ချစ်စရာလေးဆိုပြီး မှတ်ချက်ပြုထားတာပါ။ ပရိသတ်ကြီးလည်း Mary ရဲ့ပုံရိပ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။