Super Model အောန်ဆိုင်းတစ်ယောက် ဒီဇိုင်နာမင်းသက်စံရဲ့ Sweet & Smart fashion show မှာ အရမ်းကိုထူးခြားဆန်းပြားတဲ့ အသွင်အပြင်နဲ့ တောင်ပံပါတဲ့ အဖြူရောင်သတို့သမီးဝတ်စုံလေးကို ဆင်မြန်း ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးမှာ အလှပဆုံးနေရာယူထားတဲ့ ဒီဝတ်စုံလေးဟာ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေအများကြီးရခဲ့တဲ့ ဝတ်စုံလေးပါပဲ။

Fashion Show ပွဲတိုင်းလိုလိုမှာ သူမပါဝင်ခဲ့ပြီး Professional Model တစ်ယောက်လည်းဖြစ်ပါတယ်။ Oversea ခရီးစဉ်တွေ မကြာခဏသွားတတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ သူမရဲ့ Lifestyle ကတော့ အားကျစရာပါပဲ။ ဒီဇိုင်နာမင်းသက်စံရဲ့ပွဲလေးမှာလည်း ချစ်စရာကောင်းတဲ့သူမရဲ့ဝတ်စုံလေးက ထင်းခနဲပေါ်လွင်နေတာ အမှန်ပါပဲ။

ဒီဝတ်စုံလေးကို ဖန်တီးခဲ့တဲ့အကြောင်းလေးကို " ပွဲကြည့်ပရိတ်သတ်တွေရဲ့ လက်ခုပ်သံ တွေအများကြီးကြားခဲ့ရတဲ့ဝတ်စုံလေးပေါ့။ ဒီshow ပွဲမှာ အင်္ကျီချုပ်တဲ့design ပညာရယ်၊Electric နဲ့ပေါင်းစပ်တဲ့ဝတ်စုံတစုံထည့်ချင်တာကြောင့် အခုလိုဖန်တီးဖြစ်သွားတာပါ။ တောင်ပံလေး ဖွင့်လာတဲ့အချိန် ပိတ်သွားတဲ့အချိန်အားပေးလက်ခုပ်သံများကြားရတာ တကယ့်ကိုပီတိဖြစ်ရပါတယ်။ ခမ်းနားတဲ့မင်္ဂလာဝတ်စုံတွေကိုကြိုက်နှစ်သက်ကြသူတွေလည်းရှိသလို ၊အခုလိုသူများနဲ့မတူ တမူထူထူးခြားခြားမင်္ဂလာဝတ်စုံဝတ်ဆင်ချင်တဲ့သူတွေအတွက် ရည်ရွယ်ဖန်တီးခဲ့တာပါ။ Fairytale ဆန်ဆန် သတို့သမီးဝတ်စုံလေးကတော့ Sweet & Smart Fashion Show ရဲ့အမှတ်တရ ထင်ကျန်ရစ်စေခဲ့တဲ့ ဝတ်စုံလေးအဖြစ် ထင်ကျန်ရစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာဒီဇိုင်နာ တွေ ခုလိုဖန်တီးနိုင်တယ်ဆိုတာကို အားလုံးသိအောင်ပြသပေးလိုက်ပါတယ်။ Designer Minn Thet Saen " ဆိုပြီး ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။

Photo - Sweet & Smart 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။