ချစ်စရာကောင်းပြီးဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးတွေကြောင့်တစ်နေ့ထက်တစ်နေ့ပရိသတ်တွေအချစ်ပိုနေရတာကတော့အဆိုတော်မလေးပိုပိုပဲဖြစ်ပါတယ်။ သူမဆိုတဲ့ သီချင်းလေးတွေတိုင်းဟာလည်း မိန်းကလေးပရိသတ်တွေရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ သူမကတော့ခုနောက်ပိုင်းမှာအနုပညာကိုကြိုးစားအားထုတ်တဲ့စိတ်ဓာတ်လေးတွေကြောင့်ပရိသတ်တွေပိုသတိထားမိပြီးအောင်မြင်လာတာပဲဖြစ်ပါတယ်။

သူမရဲ့ကြိုးစားအားထုတ်မှုတွေကြောင့်ခုလိုအောင်မြင်တဲ့သူတစ်ယောက်အဖြစ်ရပ်တည်နိုင်တာကတော့ချီးကျူးအားကျဖွယ်ပဲဖြစ်ပါတယ်။သူကတော့သူတစ်ပါးအပေါ်တက်နိုင်တဲ့ဘက်ကနေအလှူအတန်းလေးတွေလုပ်ရင်းဘဝကိုအေးချမ်းစွာဖြတ်သန်းတက်တဲ့သူတစ်ဦးပါ။ခုမှာလည်းလူမှုကွန်ရက်ကနေစာလေးတစ်စုကြောင့်ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

သူမဟာဆိုရင်တော့နက်ဖြန်မှာသာသနာ့ဘောင်ဝင်တော့မှာဖြစ်ပါတယ်။သူ့မွေးနေ့ပြီးရင်ဝင်မယ်ပြောထားဘူးပေမယ့်အနုပညာအလုပ်တွေကြောင့်နက်ဖြန်မှာတော့သာသနာ့ဘောင်မှာတရားအားထုတ်တော့မှာပါ။ဆံချတော့မယ့်အချိန်မှာဘေးမှာကိုင်ပေးမယ့်အဘွားလည်းမရှိအဖေလဲမရှိအသက်ရှင်ပေမယ့်မတွေ့နိုင်တော့မယ့်အမေကိုတော့ဘေးမှာရှိချင်တယ်ဆိုပြီးသူ့ဘဝရဲ့ဝမ်းနည်းစရာခံစားချက်လေးကိုစာလေးနဲ့ရေးသားထားတာပါ။ပရိသတ်တွေလည်းဝမ်းနည်းစရာတွေကြုံတွေ့နေရတဲ့ပိုပိုကိုအရင်ကထက်ပိုပြီးအားပေးစကားတွေနဲ့ချစ်ခင်ကြဖို့ပြောရင်းနှစ်သိမ့်ပေးကြပါဦးနော်။

Photo- Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။