ဒီနေ့မေလ၂၀ရက်နေ့လေးကတော့missပြိုင်ပွဲတွေကနေပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့ရတဲ့မိုးစက်ဝိုင်ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။သူကတော့missပြိုင်ပွဲတွေကနေပရိသတ်တွေရဲ့အချစ်တွေကိုသိမ်းပိုက်ခဲ့ပြီးခုနောက်ပိုင်းမှာအနုပညာအလုပ်တွေနဲ့ပရိသတ်တွေကိုဖျော်ဖြေနေတာကြောင့်ပရိသတ်တွေပိုသိများလာပြီးအောင်မြင်နေတာပါ။ 

သူရဲ့အလှတွေကတော့missတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်တွေအားကျလောက်တဲ့အလှတွေပိုင်ဆိုင်ထားတာပါ။ချစ်စရာကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားရုံသာမကဖြူစင်တဲ့စိတ်ထားလေးကြောင့်ပရိသတ်တွေတစ်စထက်တစ်စအချစ်ပိုနေရတာပါ။ဒီနေ့ကျရောက်တဲ့မွေးနေ့ပွဲလေးကိုတော့Novotel Hotel မှာ၆နာရီကနေ၈နာရီထိကျင်းပခဲ့ပါတယ်။ 

ဒီနေ့မွေးနေ့ပွဲလေးကိုတော့နာမည်ကျော်အနုပညာရှင်တွေလည်းဖိတ်ကြားခဲ့ပြီးတက်ရောက်ခဲ့ပါတယ်။အနုပညာရှင်တွေကြားထဲမှာမှနာမည်ကျော်မင်းသမီးလေးဖြစ်တဲ့ဖွေးဖွေးကလည်းတက်ရောက်ခဲ့ပြီးမိုးစက်ဝိုင်နဲ့တူတူပျော်ရွှင်နေတာဖြစ်ပါတယ်။မီးရောင်တွေသီချင်းသံတွေကြားထဲမှာမွေးနေ့ရှင်နဲ့တူတူပျော်နေတဲ့ဖွေးဖွေးရဲ့ချစ်စရာvideoလေးကိုလည်းပရိသတ်တွေအတွက်တက်ဆက်ပေးလိုက်ရပြီးအားပေးကြပါဦးနော်။

Source- Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။