မြန်မာနိုင်ငံမှာ ထင်ထင်ရှားရှားနှင့် ပြည်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ သမ္မတကြီးတွေထဲမှာ တမ္မတ(ငြိမ်း) ဦးသိန်းစိန်တစ်ယောက်လည်းအပါအဝင်ပဲဖြစ်ပါတယ်။ ရိုးသားကြိုးစားသူတစ်ယောက်ဖြစ်သလို တိုင်းပြည်အတွက်လိုအပ်ချက်များကို အတက်နိုင်ဆုံး ပြင်ဆင်ပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အလှူအတန်းနဲ့ ဗုဒ္ဓဘာသာကို မြတ်နိုးသူတစ်ယောက်ဖြစ်တာကြောင့် နေ့စဉ်အလှူကြီးတွေကို ပြုလုပ်လေ့ရှိကြောင်း သိရပါတယ်။   

မေလ ၂၁ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ သမ္မဟောင်း ဦးသိန်းစိန်ကတော့ ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ဓမ္မသဟာယစင်တာမှာ ဒုလ္လဘရဟန်းဘဝကို ခံယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ ဒုလ္လဘရဟန်းခံပွဲကို မိသားစုနဲ့အတူ အကျဉ်းချုံးပြုလုပ်ခဲ့တာဖြစ်ပြီး အေးချမ်းတဲ့ သာသနာ့ဘောင်မှာ ခဏတာဝင်ရောက်ခိုလုံခြင်းဖြစ်ကြောင်း သိရပါတယ်။ မလေ ၂၁ ရက်နေ့ ဒီကနေ့ နံနက်ပိုင်းက သာသနာ့ဘောင်သို့ ဝင်ရောက်သွားပြီဖြစ်တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

Photos - bbc b

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။