ဒဏ်ရာကြောင့်မြက်ခင်းစိမ်းတွေကနေဝေးကွာနေတဲ့မြန်မာအသင်းရဲ့လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့ကျော်မင်းဦးနဲ့ဇေယျာနိုင်တို့ကကတော့ခုမှာအဖွဲ့ချုပ်ရဲ့ပံ့ပိုးပေးမှုနဲ့ထိုင်းနိုင်ငံမှာဆေးကုသနေတာဖြစ်ပါတယ်။သူတို့ကတော့တစ်ချိန်ကမြန်မာလက်ရွေးစင်အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးနိုင်တဲ့ကစားသမားတွေပဲဖြစ်ပါတယ်။

ကျော်မင်းဦးနှင့် ဇေယျာနိုင်တို့၏ ခွဲစိတ်မှုကုသမှု အခြေအနေမှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါတယ်။ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိရန်နှင့် ကြံ့ခိုင်မှု ကောင်းမွန်လာစေရန် အပေါ့စားကုသ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရဦးမည်ဖြစ်ပြီး ထိုအတွက် ကုန်ကျစရိတ်များကိုလည်း ဧရာဝတီ ဖောင်ဒေးရှင်းမှပင် ဆက်လက်အကုန်ကျခံသွားမှာဖြစ်ပါတယ်။

ခွဲစိတ်ကုသပြီးပြီဖြစ်တဲ့ကျော်မင်းဦးနဲ့ဇေယျာနိုင်တို့ကိုလည်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်ကသွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။သူတို့ကိုအားပေးစကားတွေပြောရင်းနဲ့ထိုင်းလိဒ်တွင်ကစားနေတဲ့ကျော်ကိုကိုစတဲ့လူငယ်ကစားသမားတွေကိုလည်းနှုတ်ဆက်အားပေးကစားတွေပြောကြားခဲ့ပါသေးတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။