တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ အောင်မြင်မှုများစွာကို သိမ်းပိုက်ထားဆဲဖြစ်တဲ့ ခင်လေးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမဟာဆိုရင် ဒီဇိုင်းဆန်းသစ်သော မြန်မာဝတ်စုံလေးတွေကို ဆင်မြန်းလေ့ရှိပြီး ပုရိသတွေကို ခန္ဓာကိုယ်ကောက်ကြောင်းအလှလေးနဲ့ ဖမ်းစားလေ့ရှိတာဖြစ်ပါတယ်...။ အပျိုကြီးမမဖြစ်တဲ့ ခင်လေးနွယ်ဟာ အဆီပိုမရှိတဲ့ body အချိုးအစားလေးဖြစ်အောင် gym ကိုစနစ်တကျနဲ့ အချိန်ပုံမှန်ဆော့လေ့ရှိတာဖြစ်ပါတယ်..။

မင်းသမီးယုသန္တာတင်နဲ့လည်း ညီအစ်မတွေလို အရမ်းကိုချစ်ခင်ကြပြီး အမြဲအတူသွား၊ အတူလာရှိတာဖြစ်ပါတယ်..။ ခင်လေးနွယ်ဟာဆိုရင် single ဘဝလေးနဲ့ သူမရဲ့ တည်ငြိမ်အေးချမ်းသာယာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ တိုင်းရင်းသူဖြစ်ပြီး စကားပြောဆိုဆက်ဆံရာမှာလည်း ပွင့်လင်းသူတစ်ယောက်ဖြစ်တယ်ဆိုတာ အားလုံးသိကြမှာပါ...။ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေမယ့် ကြော်ငြာမဂ္ဂဇင်းတွေနဲ့ photo shooting တွေကိုတော့ လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်...။

ခင်လေးနွယ်ဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းစွဲမက်စေလောက်တဲ့ အလှပုံရိပ်လေးတွေကို "ဒီရင်ကိုလှုပ်နိုးခဲ့......သူဟာဘယ်သူများလဲ...အာရုံတွေဝေဝါးနေပြီ....ဒါဟာ ....အချစ်ပဲလား.." ဆိုတဲ့ သီချင်းစာသားလေးကိုရေးသာဖော်ပြထားပြီး အဲ့သီချင်းကိုသိတဲ့သူရှိလားလို့လည်းမေးမြန်းထားပါသေးတယ်...။ Myanmarload ပရိသတ်ကြီးလည်း ကြည့်ရှုခံစားရင်း ဖြေပေးသွားပါဦးနော်...။

Source Khin Lay Nwe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။