ဒီနေ့စတင်တဲ့ မြန်မှာနှစ်သစ်ကူး အတာသင်္ကြန်မှစပြီး Myanmarload က ချစ်ပရိသတ်တွေအားလုံး ရေလိုအေးမြပြီ ပန်းလိုလန်းဆန်းမွှေးပျံနိုင်ပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေလို့ ဆုမွန်ကောင်းတောင်ပေးပါတယ်…။ ဒါနဲ့စကားမစပ် ရန်ကုန်သင်္ကြန်ကတော့ လူမှုကွန်ရက်မှာ အပြောများနေရဲ့..

ရန်ကုနု်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီနေ့ရနာရီခွဲခန့်ကပြုလုပ်တဲ့ ရန်ကုန်မြို ့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲမှာ''နှစ်ဟောင်းကိုပြန်ကြည့်ရင် ကျွန်တော်တို ့နိုင်ငံရဲ့ ခါးသီးတဲ့အတွေ ့အကြုံ နှှစ်၅၀ လောက်ရှိပါတယ်။နိုင်ငံကို နိုင်ငံသူနိုင်ငံသားတွေကဖန်တီးခွင့်ရဖို ့အတွက်ပြည်သူတစ်ရပ်လုံးကရုန်းကန်ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ ရုန်းကန်ကြိုးပမ်းမှုရဲ့ရလဒ်အချို ့မြင်တွေ ့နေရပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပန်းတိုင်တစ်ခုကိုရောက်ဖို ့အတွက် ကြိုးပမ်းရဦးမှာဖြစ်ပါတယ်'' လို ပြောကြားခဲ့ပါတယ်။

အဆိုပါရန်ကုန်မြို ့တော်မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရှေ့မှာပဲပျော်ရွှင်သူအချို့ ပျော်နေပါပြီ…

Myanmarload ပရိသတ်ကြီးကလည်း အခုလို သင်္ကြန်ပျော်နေတဲ့ ကြည်နူးစရာပုံတွေရှိရင် Photo Comment ပေးခဲ့နော်….

မြန်မာနိုင်ငံကြီး သင်္ကြန်ရေနဲ့အတူ ..ရွှဲရွှဲစိုပါစေ…

Source: လူမှုကွန်ရက်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။