ပရိသတ်များကခေးလေးလို့ချစ်စနိုးခေါ်ကြတဲ့ ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေယနေ့ထိတိုင်အားပေးချစ်ခင်နေကြတာပါ။ သူမဟာ အိမ်ထောင်ကျသွားသော်လည်း အနုပညာအလုပ်တွေကိုအားလပ်ချိန်များတွင် လုပ်နေတာလည်း ဖြစ်ပါတယ်။ ခေးလေးကတော့ ခင်ပွန်းသည်နှင့်သားလေး Liam လေးနဲ့အတူသာယာပျော်ရွှင်ဖွယ်ကောင်းသော မိသားစုလေးတစ်ခုဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။

သားလေး Liamလေးရဲ့ လှုပ်ရှားမှုပုံရိပ်တိုင်းဟာလည်း ပရိသတ်ကြီးကို ချစ်မဝဖြစ်စေတာပါ။ အခုဆိုရင် သားလေးဟာ ကိုးလအရွယ်သို့ရောက်ရှိလာပြီပဲ ဖြစ်ပြီး ဖိုးဖိုး၊ဖွားဖွားတွေကလည်း မျက်စိရှေ့ကအပျောက်မခံနိုင်အောင်ကိုပဲ ချစ်နေကြတာပါ။ မေမေယွန်းဝတီလွင်မိုးလည်းသားလေးရဲ့ချစ်စရာပုံလေးတွေကိုလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးဖွာဖွားကလည်းမြေးလေးပုံလေးတွေတင်ပေးလေ့ရှိတာပါ။ပရိသတ်တွေကတော့ပုံလေးတွေအောက်ကနေစာလေးတွေရေးပြီးLiam လေးကိုချစ်မဝတွေဖြစ်နေတာပါ။ 

အခုတစ်ခေါက်မှာလည်း ဖွားဖွားမေသူက မြေးလေးliam လေးရဲ့ ဗီဒီယိုလေးတစ်ခုကို Instagram လူမှုကွန်ယက်မှာ ဝေမျှလိုက်ပြန်ပါပြီနော်။ ဒီဗီဒီယိုလေးထဲမှာတော့ သူ့ရဲ့ဖိုးဖိုးလွင်မိုးစကားပြောနေတာကို သေချာနားထောင်နေတာလေးကလည်း ပရိသတ်ကြီးကို အသည်းတွေယားစေပြီး အချစ်တွေတိုးလာစေမှာပါ။ ပရိသတ်ကြီးလည်း Liam လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Source - May Thu  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။