တောက်တဲ့၊ ဖွတ်တို့ကို စိမ်ထားတဲ့ အရက်ဟာ အာရှမှာတော့ အတော်လေးကို နာမည်ကြီးပြီး အထူးသဖြင့် တရုတ်နိုင်ငံမှာ ပိုပြီး hot ဖြစ်ပါတယ်။ တရုတ်လူမျိုးအများစုဟာ ရှေးဟောင်းရိုးရာ ယဉ်ကျေးမှုအပေါ်မှာ ယုံကြည်သက်ဝင်သူတွေ များပြားပြီး ဒီလိုမျိုး ဖွတ်တို့ တောက်တဲ့ တို့ကို ဆန်အရက်ထဲမှာ ဂျင်ဆင်းနဲ့ ရောပီး စိမ်သောက်ရင် မကောင်းဆိုးရွားတွေ လာရောက် နှောင့်ယှက်ခြင်းကနေ ကင်းဝေးနိုင်တယ်လို့ အယူရှိကြပါတယ်။  

ဒီအရက်ကတော့ အတော်လေးကို အသည်းမာမာနဲ့ သောက်မှ အဆင်ပြေမယ့် အရက်မျိုးပါ။ ဘာလို့လဲဆိုတော့ အသက်ရှင်နေသေးတဲ့ မြွေကို အရက်ပုလင်းထဲမှာ ထည့်စိမ်ထားပြီး အချိန်အတော်အကြာမှ သောက်ကြပါတယ်။ သောက်ပြီးတဲ့ အပြင် အထဲက မြွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ( အထူးသဖြင့် နှလုံး) ကို စားကြတာပဲ ဖြစ်ပါတယ်။ ဒီအရက်ကိုတော့ ဗီယက်နမ် နိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ အသောက်များကြီး ဈေးကလည်း အတော်လေးကို ခေါင်ခိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တချို့အရက်တွေဆိုရင် ကင်မြှီးကောက်ပါ အစစ်ထည့်ပေးထားကြပါသေးတယ်။  

နောက်ထပ်အရက်တစ်မျိုးကတော့ အပေါ်မှာ ဖော်ပြထားတဲ့ အရက်တွေလိုမျိုးပဲ အတော်လေးကို အသည်းယားစရာ ကောင်းလှပါတယ်။ ဒီအရက်မှာတော့ ကြွက်သားပေါက်လေးတွေကို ထည့်စိမ်ထားတာ ဖြစ်ပြီး တရုတ်လူမျိုးနဲ့ ကိုရီးယား လူမျိုးတွေ အသောက်များကြပါတယ်။ သူ့ရဲ့ ကောင်းကျိုးတွေကတော့ ဖျားနာတာတွေကို ပျောက်ကင်းစေတဲ့အပြင် အသည်းနဲ့ ပန်းနာ ရင်ကျပ် ရောဂါတွေကို လည်း ပျောက်ကင်းစေနိုင်တယ်လို့ သိရပါတယ်။  

Source : Brain Berries

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။