နာမည်ကြီး အနုပညာရှင်ချစ်သူစုံတွဲ၊ ဇနီးမောင်နှံတွေထဲမှာ စမိုင်းလ်တို့ couple လေးလည်း အပါအဝင်ပါနော်...။ အိမ်ထောင်သက်တမ်း ၂၅ နှစ်ကျော်မှာ ချစ်စရာ သမီးလေးနှစ်ယောက်ကို ယဉ်ကျေးလိမ္မာစွာ ပြုစုပျိုးထောင်ပေးခဲ့ပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတာပါဖြစ်ပါတယ်..။ စမိုင်းလ်ဟာ weight အလေးချိန်အများကြီး တက်သွားပေမယ့် အခုနောက်ပိုင်းမှာဆိုရင်တော့ သွယ်လျပြေပြစ်တဲ့ ခန္ဓာကိုယ်အချိုးအစားလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်..။ ဒါဟာ မလျှော့သော ဇွဲဖြင့် အပြင်းအထန်လေ့ကျင့်ခဲ့ပြီး အိမ်ထောင်သည် အမျိုးသမီးတွေရဲ့ အလှကို ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းဖော်ပြလိုက်ခြင်းပင်ဖြစ်ပါတယ်...။

gym ကိုအချိန်ပုံမှန်၊ စနစ်တကျနဲ့ လေ့ကျင့်လေ့ရှိပြီးသူမရဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးတဲ့ "Sharing is Caring" စာအုပ်လေးကိုလည်း ထုတ်ဝေထားပါသေးတယ်..။ မိသားစုနဲ့အတူ ခရီးသွားဝါသနာပါသူဖြစ်ပြီး ပြည်တွင်းတင်သာမကဘဲ၊ ပြည်ပခရီးတွေပါ ထွက်လေ့ရှိတာကို ဝမ်းသာ အားရဖွယ်မြင်တွေ့ကြရမှာပါ...။ ခေတ်ဆန်ဆန် လွတ်လပ်ပေါ့ပါးစွာ နေထိုင်တက်တဲ့ စမိုင်းလ်တို့မိသားစုဟာဆိုရင် ဘာသာတရား ကိစ္စ၊အဝဝမှာလည်း ရိုသေကိုင်းရှိုင်းပြီး သဒ္ဓါတရားထက်သန်သူတွေဖြစ်ကြပါတယ်...။

စမိုင်းလ်တို့မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် အစဉ်အမြဲမြင်တွေ့ကြရမှာပါ..။ အခုတစ်ခါမှာဆိုရင်လည်း ချစ်ခင်ပွန်းနဲ့အတူ အမေရိကန်နိုင်ငံ Las Vegas မြို့ရှိ "EDC edm" ပွဲကြီးသို့ သွားရောက် အားပေးခဲ့ကြတာပါ...။ မြန်မာမှုကို မြတ်နိုးတဲ့ သူမဟာဆိုရင် ကမ္ဘာအနှံ့နှံ့က ဖက်ရှင်အမျိုးမျိုးနဲ့ လာရောက်ခဲ့ကြတဲ့ သူတွေကြားမှာ သနပ်ခါးလေးကိုလိမ်းထားပြီး အပေါ်အောက် မြန်မာဝတ်စုံလေးနဲ့ ဂုဏ်ယူဝင့်ကြွားဖွယ် တင့်တယ်လှပနေတာပါနော်..။ အမှတ်တရပုံရိပ်များစွာကို ရိုက်ကူးခဲ့ပြီး "ကျမကမြန်မာဆိုတော့မြန်မာသနပ်ခါးကြိုက်တယ်" ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source စမိုင်းလ် Smile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။