နိုင်ငံတကာရဲ့စိတ်ဝင်စားမှုအများဆုံးရရှိနေတဲ့ ပြည်တွင်း ရခိုင်ပြည်နယ်အတွင်းရှိ သတင်းတွေကို ပရိသတ်တွေလည်းကြားသိကြမယ်ထင်ပါတယ်။ အဆိုပါ ဒေသရဲ့ ဖြစ်စဉ်တွေကို နိုင်ငံတကာသတင်းတွေမှာ ဖော်ပြလေ့ရှိပြီး ဝေဖန်မှုတွေနဲ့အတူ လာရောက်လေ့လာသူတွေလည်းများစွာရှိနေပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.FilLippo Grandi နှင့် အဖွဲ့ကလည်း ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့လေကြောင်းဖြင့် စစ်တွေမြို့သို့ ရောက်ရှိနေကြောင်း သိရပါတယ်။  

အဆိုပါအဖွဲ့ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ UNHCR မှ တာဝန်ရှိသူများက စစ်တွေလေဆိပ်တွင်းသွားရောက်ကြိုဆိုခဲ့ကြကြောင်း သိရပါတယ်။ ဒါအပြင် မဟာမင်းကြီးနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့မှတစ်ဆင့် မောင်တောမြို့သို့ ညနေပိုင်း တွင် ရောက်ရှိကြပါတယ်။ ထို့နောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.FilLippo Grandi နှင့် အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး နိုင်ငံတော် အစိုးရနှင့် UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် MoU အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်းတိုးမြှင့်ရေး၊ ပြည်နယ်အစိုးရနှင့် UN အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေး ကျင်းပပြုလုပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရေး တို့နှင့်ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြပါတယ်။  

ယခုခရီးစဉ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilLippo Grandi နှင့် အဖွဲ့၏ ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရပါတယ်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. FilLippo Grandi နှင့် အဖွဲ့ရဲ့ပြည်တွင်းရောက်ပုံရိပ်အချို့ကိုမျှဝေပေးလိုက်ပါတယ်။

source - moi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။