ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့မှာတော့ ဟွန်ဒူးရစ်နိုင်ငံ အတွင်းမှာ လေယာဉ်ပျက်ကြမှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

၎င်းပျက်ကြလေယာဉ်ကတော့ Piper PA-32-260 အမျိုးအစား ပုဂ္ဂလိကပိုင် လေယာဉ်တစ်စင်းဖြစ်ပြီး ရိုအာတန်ကျွန်းကနေ ပျံတက်လာပြီး မကြာခင်မှာ ပျက်ကြခဲ့တာပဲဖြစ်ပါတယ်။

၎င်းလေယာဉ်ပျက်ကြရတဲ့အကြောင်းရင်းကိုတော့ တိတိကျကျမသိရသေးပေမယ့် ပျက်ကြချိန် ၎င်းလေယာဉ်ပေါ်မှာ လူငါးယောက်လိုက်ပါလာခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်ပျက်ကျချိန်မှာဆိုရင်လည်း ၎င်းလိုက်ပါလာသူ ငါးဦးလုံးဟာ တခါတည်း အသက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းလိုက်ပါလာတဲ့ လူငါးယောက်ဟာဆိုရင်လည်း လေးဦးက အမေရိကန်နိုင်ငံသား ဖြစ်ပြီး ကျန်တဦးကတော့ ဘယ်နိုင်ငံသားမှန်း မသိရသေးဘူးလို့သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။