ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က အိဂျစ်နိုင်ငံအတွင်းမှာ ဘတ်စ်ကားတစ်စီးဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

၎င်းဘတ်စ်ကားကတော့ ကမ္ဘာ့လှည့်ခရီးသည်တွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားဖြစ်ပြီး ဂီနာပိရမစ်တွေနားက ဆောက်လက်စပြတိုက်တခုအနားမှာ တိုက်ခိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။

၎င်းတိုက်ခိုက်ခံရမှုကြောင့်ဆိုရင်တော့ ဘတ်စ်ကားပေါ်မှာလိုက်ပါလာတဲ့ နိုင်ငံခြားသားတွေအပါအဝင် ၁၂ ဦးလောက်ဟာ ဒဏ်ရာရရှိခဲ့ကြရပါတယ်။

လက်ရှိအချိန်ထိတော့ သေဆုံးသူမရှိသေးပေမယ့် တချို့သူတွေရဲ့ ဒဏ်ရာကတော့ အနည်းငယ်ပြင်းထန်တဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ် ။

ဒီတိုက်ခိုက်မှုကိုမြင်တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတစ်ဦးဟာဆိုရင်လည်း သူ့အနေနဲ့ ပေါက်ကွဲသံ အကျယ်ကြီးတစ်ခုကြားခဲ့ရပြီး အဲ့ဒီနောက်မှာ သွေးသံရဲရဲနဲ့ လူတွေအော်ဟစ်နေတာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

Source- abc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။