ကျန်းမာရေး အခြေအနေကြာင့် အနုပညာလောကနယ်ပယ်ကနေ ခေတ္တအနားယူသွားပေမယ့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ စံရတီမိုးမြင့်ဟာ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာပြီဖြစ်ပါတယ်..။ ခန္ဓာကိုယ် ကြံ့ခိုင်အောင် gym ကစားနေတာဖြစ်ပြီး အဆီပိုမရှိပဲ သွယ်လျပြေပြစ် လှပနေတာဖြစ်ပါတယ်...။ လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူဖြစ်ပြီး ဒီဇိုင်းဆန်းလေးတွေနဲ့ အမြဲ ရှုမဝသူလေးပင်ဖြစ်လို့နေပါတယ်..။

photo shooting နှင့် ကြော်ငြာမဂ္ဂဇင်းတွေကို အများဆုံးရိုက်ကူးလေ့ရှိပြီး red carpet ရှိုးပွဲနှင့် ပွဲလမ်းသဘင်တွေကို တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ မြန်မာ့ရိုးရာ ဝတ်စုံလေးတွေကိုလည်း ဆင်မြန်းလေ့ရှိပြီး ဘာသာတရားကိုင်းရှိုင်းသူလည်းဖြစ်ပါတယ်..။ စံရတီမိုးမြင့်ဟာ ချစ်စဖွယ်အမူအရာလေးတွေနဲ့ ချိုသာတဲ့ အပြောအဆိုတွေကြောင့် social media ပေါ်မှာ ပုရိသတွေရဲ့ အသည်းစွဲ မင်းသမီးတစ်ဦးဖြစ်နေပါတယ်...။ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေလည်းထွက်လေ့ရှိပြီး ဘဝကြီးကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။

စံရတီမိုးမြင့်ဟာ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook နှင့် Instagram တို့ကို အသုံးပြုလေ့ရှိပြီး ပရိသတ်တွေနဲ့ အမြဲရင်းနှီးမှုရနေအောင် နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း မြင်သူတိုင်းရင်မှာ စွဲမယ်ဖွယ် အဖြူရောင် ဝတ်စုံလေးနဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ official Instagram စာမျက်နှာပေါ်တွင် ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source San Yati Moe Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။