ဒီနှစ်ယူရိုပါလိဒ်ဗိုလ်လုပွဲကိုတော့လာမယ့်မေလ၂၉ရက်နေ့မှာအဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်တွင် ကျင်းပမှာဖြစ်ပါတယ်။ဒီနှစ်ယူရိုပါလိဒ်ဗိုလ်လုပွဲကိုတော့အင်္ဂလန်ထိပ်သီးတွေဖြစ်တဲ့ချယ်လ်ဆီးနဲ့အာဆင်နယ်တို့တွေ့ဆုံမှာဖြစ်ပြီးပထမဆုံးအကြိမ်ယူရိုပါလိဒ်မှာအင်္ဂလန်နှစ်သင်းထိပ်တိုက်တွေ့ဆုံမယ့်ပွဲဖြစ်လာတော့မှာပါ။

ဒီနှစ်ယူရိုပါလိဒ်ဗိုလ်လုပွဲကိုတော့အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်မှာကျင်းပမှာဖြစ်တာကြောင့်နှစ်ဖက်အသင်းပရိသတ်တွေကတော့အခက်ခဲတွေအများကြီးရှိနေတာပါ။အင်္ဂလန်မှ သွားရောက်အားပေးမည့် ပရိသတ်များ အနေဖြင့် ဘာကူမြို့သို့ သွာရောက်ရန် တူရကီ၊ ဂျာမနီ၊ ယူကရိန်း၊ အရှေ့အလယ်ပိုင်း နိုင်ငံများမှတဆင့် သွားရောက်ရမည်ဖြစ်ပြီး ခရီးစဉ်တစ်ခုလုံးအတွက် ကုန်ကျစရိတ် များပြားသလို ရက်သတ္တပါတ် တစ်ပတ်ခန့် အချိန်ယူရဖွယ်ရှိနေတာဖြစ်ပါတယ်။

ကွင်းကတော့ပရိသတ်၆သောင်းကျော်ဆန့်တဲ့ကွင်းဖြစ်ပြီးအသင်းတစ်သင်းဆီကလက်မှတ်၆၀၀၀ရရှိထားတာဖြစ်ပေမယ့်လည်းပရိသတ်၃၀၀၀လောက်သာခေါ်ဆောင်ဖို့ရှိနေတာပါ။အရမ်းခရီးဝေးပေမယ့်မိမိအသင်းအနိုင်ရဖို့အားပေးကြမယ့်ပရိသတ်တွေကိုလည်းဂုဏ်ပြုရင်းယူရိုပါလိဒ်ဖိုင်နယ်ကန်မယ့်ကွင်းပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။