တစ်ချိန်တစ်ခါတုန်းကအနုပညာလောကအသက်ငယ်ငယ်လေးနဲ့ပရိသတ်အခိုင်အမာရပြီးအောင်မြင်ခဲ့တာကတော့ခေးလို့လူသိများတဲ့ယွန်းဝတီလွင်မိုးပဲဖြစ်ပါတယ်။ ကလေးဘဝကတည်းက လူချစ်လူခင်ပေါများပြီး ဆယ်ကျော်သက်အရွယ်တိုင်အောင် သူ့ကိုချစ်ခင်တဲ့ပရိသတ်တွေဒုနဲ့ဒေးရှိတာလည်းဖြစ်ပါတယ်။ သူမကတော့လက်ရှိအချိန်မှာချစ်စရာကောင်းတဲ့သားလေးတစ်ယောက်နဲ့တူတူပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

သားလေးကလည်းဖေဖေမေမေတို့ရဲ့အချစ်တွေသာမကပရိသတ်တွေရဲ့အချစ်တော်လေးလည်းဖြစ်ပါတယ်။ဖေဖေမေမေတို့နဲ့တူလို့သားလေးရဲ့ပုံရိပ်လှုပ်ရှားမှုတိုင်းကလည်းကြည့်နေရင်းနဲ့ချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။မေမေယွန်းဝတီလွက်မိုးကပညာရေးတွေဆုံးခန်းမတိုင်သေးတာကြောင့်သားလေးနဲ့ခေတ္တခွဲခွာနေရတာဖြစ်ပါတယ်။ သားလေးနဲ့ခွဲခွာရနေပေမယ့်လည်းသားလေးရဲ့videoလေးတွေကိုကြည့်ပြီးအလွမ်းသယ်နေရတာဖြစ်ပါတယ်။ မိခင်တစ်ယောက်ဖြစ်တာကြောင့်သားလေးနဲ့အဝေးမှာရှိနေပေမယ့်လည်းသားလေးရဲ့ပုံရိပ်လေးတွေကိုချစ်မဝဖြစ်နေတာကလည်းပရိသတ်ရင်ထဲမှာစိတ်မကောင်းဖြစ်စေတာပါ။

အခုတစ်ခေါက်မှာလည်း ချစ်စရာကောင်းလွန်းတဲ့Liam လေးရဲ့၁၉ ရက်သားပဲရှိသေးတဲ့ ဗီဒီယိုလေးကို သူ့ရဲ့အဒေါ်ဖြစ်တဲ့ ယွန်းနဒီလွင်မိုးက Instagram myday လေးမှာတင်ထားတာပါ။ အသည်းယားပြီး တစ်နေ့တစ်ခြားပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ Liamလေးရဲ့ဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- Yunnandylm 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။