ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အအေးဒဏ်ကို ကြိုက်ပါတယ်ဆိုတဲ့ သူတွေကိုတောင် လက်ဖျားခါသွားစေနိုင်လောက်တဲ့ သတင်းလေးပဲ ဖြစ်ပါတယ်။ လူတော်တော်များများကို နွေရာသီနဲ့ ဆောင်းရာသီ ဘယ်ဟာပိုကြိုက်လဲမေးရင် အများစုက ဆောင်းရာသီလို့ ဖြေကြမှာ ဖြစ်ပေမယ့်လည်း အခုပုံမှာ မြင်နေရတဲ့ လူနှစ်ယောက်ထက်တော့ အအေးဒဏ်ကို ကြိုက်ကြလိမ့်မယ် မထင်ဘူး။ ဒီလို ရေခဲရိုက်ထားသလို အေးစက်နေတဲ့ နှင်းခဲကြီးထဲမှာ နေတဲ့ သူတွေကတော့ Daniel Schetter နဲ့ Allen Finau တို့ပဲ ဖြစ်ပါတယ်။  

သူတို့ဟာ အနုတ် ၃၀ ဒီဂရီစဲဆီးရပ် ရှိတဲ့ ရာသီဥတုထဲမှာ မကြောက်မရွံ့ မုတ်ဆိတ်ရေခဲအောင် နေကြပြီး စတိုင်တစ်မျိုးထုတ်ကာ ဓာတ်ပုံရိုက်ကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ရေခဲပြင် စကိတ်စီးရတာကို နှစ်သက်ကြပြီး ဝါသနာတူတွေ ဖြစ်တာကြောင့် အခုလို အေးခဲနေတဲ့ နေရာမှာ ဟန်မပျက်ပဲ နေနိုင်ကြတာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ ဓာတ်ပုံရိုက်ပေးတဲ့ Photographer တစ်ယောက်လည်း ပါလာပြီး ဓာတ်ပုံဆရာခမျာ သူတို့လောက် အအေးဒဏ်ကို မခံနိုင်ပဲ အတော်လေးကို ခိုက်ခိုက်တုန်နေတာကိုတွေ့ရမှာပါ။  

သူတို့အခုရောက်ရှိနေတဲ့ နေရာကတော့ အမေရိကန်နိုင်ငံမှာ တည်ရှိတဲ့ မီချီကန် ရေကန်နားမှာ ဖြစ်ပြီး ဆောင်းတွင်းပိုင်းဆို အတော်လေးကို ချမ်းအေးလွန်းတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ချမ်းအေးတဲ့ ရာသီကို ကြိုက်တဲ့သူတွေအဖို့ နှစ်စဉ် ဆောင်တွင်းရောက်တိုင်း ဒီနေရာလေးကို လာရောက် လည်ပတ် ကြပေမယ့်လည်း အပေါ်ကလို ပုဂ္ဂိုလ်နှစ်ယောက်လိုမျိုးတော့ ဘယ်သူမှ မနေနိုင်ကြပါဘူး ။ လူမှုကွန်ယက်ပေါ်မှာ ရေပန်းစားနေတဲ့ သူတို့ရဲ့ ဓာတ်ပုံလေးတွေက ဘယ်လောက်တောင် လန်းနေလဲဆိုတာကတော့ တစ်ချက် ကြည့်လိုက်ပါအုန်း ပရိသတ်ကြီးရေ... 

Source : brainberries 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။