ဖွေးစိန်လေးလို့ အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကမှာ ထိပ်ဆုံးကနေ ရပ်တည်အောင်မြင်နေတယ်ဆိုတာ အားလုံးက သိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ အကုန်လုံးက ဝိုင်းချစ်နေရတဲ့ ဖွေးစိန်လေးကတော့ အခုဆိုရင် နေကောင်းသွားပြီဖြစ်တာကြောင့် အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေပြီပဲ ဖြစ်ပါတယ်။

မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ မင်းသမီးချောလေး မိုးစက်ဝိုင်ရဲ့ မွေးနေ့ပါတီပွဲလေးကိုလည်း ဖွေးဖွေးက တက်ရောက်လာခဲ့ပါတယ်။ ဆန်းသစ်လှပတဲ့ အနက်ရောင် ပွဲတက်ဖက်ရှင်လေးနဲ့ အရမ်းလှနေတဲ့ ဖွေးစိန်လေးက အားလုံးရဲ့အာရုံတွေကို အပြည့်အ၀ ဖမ်းစားနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ အပြင်အဆင်လေးတွေနဲ့ နှစ်ခါပြန်ကြည့်ရအောင် ထင်ပေါ်နေတဲ့ ဖွေးဖွေးက သက်ဝင်လှုပ်ရှားနေတဲ့ ဘာဘီအရုပ်မလေးလို့တောင် ထင်မှတ်ရလောက်ပါတယ်။

ဖွေးဖွေးက " Last Night was a blast!!! Happt Moe Set Wine's Birthday " ဆိုပြီး မွေးနေ့ပွဲက ပုံလေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ပါတီပွဲမှာ ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့တဲ့ ဖွေးစိန်လေးကတော့ ပွဲတက်လာသူအားလုံးထဲမှာ အလှဆုံးနေရာကနေ စာရင်းဝင်နေတဲ့ ရွှေမင်းသမီးလေးပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိုးစက်ဝိုင်ရဲ့ မွေးနေ့ပါတီပွဲကို တက်ရောက်ခဲ့တဲ့ ဖွေးဖွေးရဲ့ အလန်းစားဖက်ရှင်နဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phway Phway;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။