တနင်္ဂနွေနေ့က American Idol အစီအစဉ်မှာ Katy Perry ဟာဆိုရင်ဆုပေးဖို့ရှိနေခဲ့တာဖြစ်ပြီး နောက်ဆုံးပွဲဆိုတော့တော့ သူမဟာ ဖျော်ဖြေခဲ့ပါတယ်။ သူမရဲ့အသက်ဟာဆိုရင်လဲ ၃၄နှစ်ရှိပြီဖြစ်ကာ မင်းသား အော်လန်ဒိုနဲ့ စေ့စပ်ထားတဲ့သူပဲဖြစ်ပါတယ်။ သူနဲ့အတူဖျော်ဖြေတဲ့သူကတော့ Daddy Yankee ပဲဖြစ်ကာ ဖျော်ဖြေသွားတဲ့ သီချင်းကတော့ Col Calma Remix ပဲဖြစ်ပါတယ်။ သူမတို့အနေနဲ့ အခုလို Remix သီချင်းကိုဖျော်ဖြေသွားတာ ပထမဆုံးပါပဲ။ 

သူတို့ဖျော်ဖြေသွားတဲ့ သီချင်းဟာဆိုရင် ရှေ့လကထွက်ရှိခဲ့တာဖြစ်ပြီး Katy Perry နဲ့အတူဆိုထားပါတယ်။ Katy ဆိုတဲ့ သီချင်းထဲကစာသားကတော့ " ကိုယ်တို့နှစ်ယောက်က တူညီတဲ့ဘာသာစကားကိုမပြောကြပေမဲ့ , ကိုယ်ရဲ့ခန္ဓာကိုယ်ကိုတော့ ကိုယ့်အစားပြောပေးစေချင်တယ် " ဆိုပြီးပဲဖြစ်ပါတယ်။ သီချင်းကတော့ sexy ဆန်ဆန်ထွက်ရှိထားတာဖြစ်ပြီး လူကြိုက်များတဲ့ သီချင်းတွေထဲကဖြစ်ပါတယ်။ ပရိသတ်ကြီး နားမထောင်ရသေးရင် နားဆင်လိုက်ပါအုန်း။  

American Idol ရဲ့ Season 17 နောက်ဆုံးပွဲစဉ်မှာ ဆုရရှိသွားတဲ့သူကတော့ အသက် ၁၈နှစ်သာရှိသေးတဲ့ Laine Hardy ပဲဖြစ်ကာ ပြိုင်ပွဲဝင်တွေဖြစ်ကြတဲ့ Alejandro Aranda, 25, နဲ့ Madison VanDenburg, 17, တို့ကိုကျော်ပြီ ရရှိခဲ့တာဖြစ်ပါတယ်။ သူဟာဆိုရင် Season 16 မှာပါဝင်ခဲပေမဲ့ top 50 အဆင့်မှာပြုတ်ခဲ့ပါတယ်။ ခု Season 17 မှာတော့ အနိုင်ရရှိတဲ့သူဖြစ်သွားကာ ကြိုးစားချင်းရလဒ်ကို ကောင်းကောင်းကြီး ခံစားခဲ့ရပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။