အသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ Leonardo ဟာဆိုရင် အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ချစ်သူကောင်မလေး Camila Morrone နဲ့ ချစ်သူတွေဖြစ်တာ ၁နှစ်နီးပါရှိပါတော့မယ်။ ဒါပေမဲ့လဲ သူတို့နှစ်ယောက် တော်တော်များများမှာ လူတွေနဲ့ ဝေးရာမှာပဲ အချိန်တွေကို အတူတူဖြုန်းတီလေ့ရှိပါတယ်။ တနင်္ဂနွေနေ့တုန်းကဆိုရင်တော့ သူတို့နှစ်ယောက်ဟာ Hotel တစ်ခုမှာ နေ့လည်စာ သွားစားခဲ့ပါတယ်။ အဲ့ဟိုတယ်ကိုသွားတဲ့လမ်းမှာ သူဟာ ကောင်မလေးကို ဓာတ်ပုံလှလှလေးတွေရိုက်ပေးခဲ့ပါတယ်။ 

ချစ်သူကောင်မလေးတွေဟာဆိုရင်လဲ ကိုယ်ကောင်လေးက ဓာတ်ပုံလှလှလေးတွေရိုက်ပေးတဲ့အခါ အရမ်းကိုပျော်ရွှင်ကြပြီး အဲ့လိုချစ်သူမျိုးပိုင်ဆိုင်ထားကြရင်လဲ ပျော်ရွှင်မိကြမှာပါ။ ခုဆိုရင် ပုံထဲမှာတွေ့တဲ့အတိုင်း လီယိုနာဒိုတစ်ယောက် သူ့ကောင်မလေးကို စိတ်ရှည်လက်ရှည်နဲ့ ပုံလှလှလေးတွေရိုက်ပေးတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အဲ့လိုဓာတ်ပုံရိုက်ပေးတဲ့ ချစ်သူရှိတော့ တော်တော်ကံကောင်းတဲ့ မိန်းကလေးပဲနော်။ Camila ဟာဆိုရင် မော်ဒယ်တစ်ယောက်ဖြစ်ပြီး စနေနေ့တုန်းက Cannes ရုပ်ရှင်ပွဲတော်ကို သူမရဲ့ ရုပ်ရှင်ကားအတွက် သွားခဲ့ပါတယ်။ 

Leonardo နဲ့ Camila တို့ဟာဆိုရင် ၂၀၁၇ခုနှစ်ထဲက ချစ်သူတွေဖြစ်ခဲ့ကြပြီး လက်ထပ်ဖို့အစီအစဉ်တွေရှိခဲ့ပါတယ်။ သတင်းသမားတွေကတော့ " လူတိုင်းကတော့ သူတို့နှစ်ယောက် မကြာခင်မှာ မင်္ဂလာဆောင်လောက်တော့တယ် " လို့ပြောကြားခဲ့ပါတယ်။ " သူတို့နှစ်ယောက် စေ့စပ်မဲ့ကိစ္စတွေလဲပြောနေကြပြီး လီယိုနာဒိုကလဲ ကလေးအဖေဖြစ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ " လို့ဆက်လက်ပြောပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ သူတို့နှစ်ယောက်ကလဲ တကယ့်ကို ကြည်နူးကြတဲ့ ချစ်သူစုံတွဲတွေပါပဲ။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။