မင်းသမီးချောလေး သင်ဇာဝင့်ကျော်ဆိုရင်တော့ ပရိသတ်တွေအားလုံးက မသိသူမရှိလောက်အောင် ရင်းနှီးနေပြီးသား ဖြစ်ကြမယ် ထင်ပါတယ်။ ရုပ်ရည်ချောမော ပြေပြစ်ပြီး အမိုက်စား ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ သင်ဇာက အလန်းစားတွေ ဖက်ရှင်တွေကြောင့် အားလုံးရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနာမည်ကြီးနေသူလေး ဖြစ်ပါတယ် ။ ဝတ်ဆင်လိုက်တဲ့ ဖက်ရှင်တိုင်းကလည်း အမြဲလိုလို လူမူကွန်ယက်စာမျက်နှာထက်မှာ အများရဲ့စိတ်ဝင်စားမှုကို ရရှိထားပြီးသား ဖြစ်ပါတယ်။

လက်ရှိမှာလည်း မမသင်ဇာက စင်ကာပူနိုင်ငံကို ပွဲတက်ရင်း အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတစ်ခုအတွက် ဖိတ်ကြားခြင်းခံခဲ့ရတဲ့ သင်ဇာက အပြာရောင်ပွဲတက်ဖက်ရှင်လေးနဲ့ အရမ်းကို လှပနေခဲ့တာလည်း ဖြစ်ပါတယ်။ အခုလည်း သင်ဇာလေးက စွဲမက်ဖွယ်ကောင်းတဲ့ အလှပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် တင်ပေးထားတာ တွေ့ရပါတယ်။

ဘာဝတ်ဝတ် ပေါ်လွင်လှပနေတဲ့ သင်ဇာလေးကတော့ နှစ်ခါပြန်ကြည့်ရလောက်အောင် အပြတ်အသတ်ကို လန်းနေတာ ဖြစ်ပါတယ်။ သင်ဇာက သူမရဲ့အမိုက်စားပုံရိပ်လေးတွေနဲ့အတူ အကြည့်တွေနဲ့ ဖမ်းစားထားတဲ့ ဗီဒီယိုလေးကိုလည်း တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စင်ကာပူရောက် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ရဲ့ အလှပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။