ဗီဒီယိုဇာတ်ကားတွေမှာ သရုပ်ဆောင်ပိုင်နိုင်စွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးဆုမြတ်နိုးဦးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ သူမဟာဆိုရင် ချစ်ဖို့ကောင်းတဲ့ မျက်နှာလေးကိုပိုင်ဆိုင်ပြီး အပြုံးချိုလေးတွေနဲ့ ပုရိသအပေါင်းကို ဆွဲဆောင်ဖမ်းစားနိုင်တာဖြစ်ပါတယ်...။ ဖက်ရှင်အလန်းလေးတွေကို ဝတ်စားဆင်ယင်တတ်ပြီး မြန်မာဝတ်စုံလေးတွေနဲ့လည်း ရိုးယဉ်စွာ လှပနေသူတစ်ယောက်ဖြစ်ပါတယ်...။

ဆုမြတ်နိုးဦးဟာ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း လက်ခံရိုက်ကူးလျက်ရှိပြီး photo shooting နဲ့ ကြော်ငြာ မဂ္ဂဇင်းတွေကိုလည်း အများဆုံးရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်...။ "N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့ gp လေးကို အကျင့်တူ၊ ဝါသနာတူ သူငယ်ချင်းတွေဖြစ်ကြတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး၊ ကျော်ကျော်တို့နဲ့အတူ ဖွဲ့စည်းထားပြီး facebook page လေးထောင်ထားတာဖြစ်ပါတယ်...။ သူတို့သူငယ်ချင်းသုံးယောက်ဟာဆိုရင် အားပေးမှုများစွာကို ပိုင်ဆိုင်ထားတာပါနော်...။

ဆုမြတ်နိုးဦးဟာ ကဗျာတွေ၊ စာပေတွေကို မြတ်နိုးသူဖြစ်ပြီး သူမရဲ့ စာပေဗဟုသုတတွေကို ပရိသတ်တွေသိရှိရအောင်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း အိန္ဒိယကဗျာဆရာ တဂိုးရဲ့ ကောင်းမွန်သပ်ရပ်လှတဲ့ စာသားလေးကိုလည်း ရင်ထဲကခံစားပြီး မျှဝေထားတာပါနော်..။ ထိုစာသားလေးဟာဆိုရင်တော့ "လူတစ်ယောက်ပြုံးလိုက်တဲ့အခါ တစ်လောကလုံးက သူ့ကိုချစ်မိသွားတတ်တယ်"ပဲဖြစ်ပါတယ်..။ ထိုစကား ဟုတ်မဟုတ်ကိုလည်း ပရိသတ်ကြီးနဲ့ ဆွေးနွေးတိုင်ပင်ထားပါသေးတယ်...။

Source Hsu Myat Noe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။