ချစ်ပရိတ်သတ်ကြီးရေ... အနုပညာနယ်ပယ်မှာတကယ်ကိုတော်တဲ့ ထူးချွန်တဲ့ ဝါရင့်အနုပညာရှင်ကြီယ ကျော်သူဆိုတာ မသိတဲ့သူမရှိပါဘူးနော်။ ကလေးလူကြီးအားလုံးရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားပြီးတော့ အကယ်ဒမီဆုဲကီးတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိပိုင်ဆိုင်ထားတဲ့ စံပြ မင်းသားကြီးတစ်လက်လည်းဖြစ်ပါတယ်နော်။

သူဟာ အနုပညာလောကထဲကနေ အချိန်အတော်ကြာ ပျောက်သွားခဲ့ပြီးတော့ ရုပ်ရှင်လောကကိုအခြေပြန်ချတဲ့အခါမှာတော့ အားလုံးအံ့အားသင့်ရလောက်တဲ့ ဖန်တီးမှုတွေနဲ့ ပရိတ်သတ်တွေရင်ထဲကိုဝင်ရောက်လာခဲ့ပါတယ်နော်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ တင်မဟုတ်ဘဲ အတွေ့အကြုံတွေကို အခြေတည်ကာ ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပါတယ်နော်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ပထမဆုံး Star Award အကောင်းဆုံးဒါရိုက်တာဆုကို ရရှိပိုင်ဆိုင်ထားခဲ့ရပါတယ်။

အခုဆိုရင် ကျော်သူဟာ ဒီနှစ်အတွင်းပိုင်း ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကားလောက်ကို အပြီးသတ်ရိုက်ကူးခဲ့ပြီးတော့ အခုတစ်ခါမှာလည်း ထူးဆန်းမှုတွေပြည့်နှက်နေတဲ့ ဒဏ္ဍာရီပင်လယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အသက်သွင်းပုံဖော်နေပါတယ်နော်။ ဒီဇာတ်ကားကိုရိုက်ကူးနေရင်းနဲ့လည်း ဘာသာရေး သာသနာရေးအရမ်းကိုလိုက်စားတဲ့ကျော်သူ ဟာ သူရောက်နေတဲ့ ပင်လယ်ပြင်မှာတင် သာသနာပြုခဲ့ပြန်ပါတယ်နော်။ ရှင်ဥပဂုတ္တရဟန္တာကို ပင်လယ်ထဲမှာဖောင်တော်နဲ့ မျောပြီးတော့ သစ်သီး၊ဆွမ်း၊ ရေချမ်းတို့ကို ကပ်လှူပူဇော်ခဲ့ပါတယ်။ ဒါ့အပြင် ပူဇော်နေတုန်း ဖောင်တောိပေါ်ကနေ ဘယ်လိုပဲမောင်းချမောင်းချ တစ်လက်မမှမရွေ့တဲ့ ထူးဆန်းတဲ့ သာသနာပြု ဖားလေးအကြောင်းကိုလည်းပြောပြခဲ့ပါသေးတယ် ချစ်ပရိတ်သတ်ကြီးရေ....။

Source: Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။