ချစ်ပရိတ်သတ်ကြီးရေ... ဟိုးအရင်ကတည်းက ရုပ်ရှင်အနုပညာလောကမှာ လျှမ်းလျှမ်းတောက် နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ကျော်သူကိုမသိတဲ့သူမရှိပါဘူးနော်။ ရုပ်ရှင်လောကမှာဘုရင်တစ်ဆူလိုနေရာယူနေခဲ့ပြီးတော့ သူရဲ့ရုပ်ရှင်ဇာတ်ကားတွေတိုင်းကလည်း ပရိတ်သတ်တွေအသည်းစွဲဖြစ်ပြီး အခုထိအောင်မြင်နေဆဲပါပဲနော်။

အခုတစ်ခါ ရုပ်ရှင်လောကထဲကိုပြန်ရောက်လာခဲ့တဲ့အချိန်မှာတော့ အရင်ကနဲ့မတူတဲ့ဖန်တီးမှုတွေ သရုပ်ဆောင်မှုတွေနဲ့အတူ ပရိတ်သတ်တွေရဲ့ အားပေးမှုတွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်နော်။ ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ အနုပညာအတွေ့အကြုံတွေကိုအသုံးချပြီးတော့ ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ ဇာတ်ကားတွေကိုလည်း ရိုက်ကူးနေတဲ့ကျော်သူဟာ Star Award အကောင်းဆုံးဒါရိုက်တာဆုကိုလည်း ပူပူနွေးနွေးပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်နော်။

သူဟာ အခုတစ်ခါမှာတော့ သူ့ရဲ့ ငယ်ရွယ်စဉ်က အမှတ်တရပုံလေးနဲ့ အခုအချိန်မှပြောင်းလဲသွားတဲ့ ပုံစံကို နှိုင်းယှဉ်ပြီးတင်ထားပေးခဲ့တာကိုတွေ့ရပါတယ်နော်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်(၁၉၈၅) ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ ကောင်လေးတစ်ယောက်ဖြစ်တဲ့ ကျော်သူဟာ အခု (၂၀၁၉)မှာတော့ ဇရာတွေပြောင်းပြီး တည်ကြည်ခန့်ညားတဲ့ ရင့်ကျက်တည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်သွားခဲ့ပါပြီနော်။ သူ့မှာ မပြောင်းမလဲပဲရှိနေခဲ့တဲ့အရာတစ်ခုကတော့ အနုပညာကိုချစ်တဲ့စိတ် မြတ်နိုးတန်ဖိုးထားတတ်တဲ့ စိတ်ပဲဖြစ်ပါတယ်နော်။ကဲ...ကျော်သူတစ်ယောက် လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်ကနဲ့ အခု ဘာတွေပြောင်းလဲသွားလဲ ကြည့်လိုက်ကြပါအုန်းနော်။

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။