တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပြီး အခုအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ ချစ်ခင်ပွန်းနဲ့အတူ သားလေးတစ်ယောက်ကိုလည်း ဖွားမြင်ထားပြီး သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားတာပါနော်...။

နန်းမြတ်ဖြိုးသင်းဟာဆိုရင် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း တစ်သားမွေးတစ်သွေးလှလို့ ဆိုရလောက်အောင် နုပျိုလှပနေတာဖြစ်ပါတယ်...။ ချစ်ခင်ပွန်းကလည်း အရိပ်အောက်က ပျောက်မခံနိုင်အောင် အလိုလိုက်ချစ်ခင်တာဖြစ်ပြီး ခရီးတွေလည်း အထူထွက်လေ့ရှိတာဖြစ်ပါတယ်...။ သားလေးကိုလည်း နည်းစနစ်ကျစွာ ပြုစုပျိုးထောင်ပေးနေတဲ့ နန်းမြတ်ဖြိုးသင်းဟာဆိုရင် မိခင်တိုင်းရဲ့ စံနမူနာထားရလောက်အောင်ပင် ဖြစ်လို့နေပါတယ်...။ 

နန်းမြတ်ဖြိုးသင်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "တယောက်ထဲပုံလေးတွေမတင်ရတာကြာလို့" ဆိုတဲ့ status လေးနဲ့တကွ အလှပုံရိပ်လေးတွေကို သူမရဲ့ official facebook acc တွင်ထုတ်ဖော်ပြသထားပြီး myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nann Myat Phyo Thinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။