Beauty Blogger မလေးချီချီကတော့ အနုပညာလောကကိုအောင်မြင်မှုတွေများစွာနဲ့လျှောက်လှမ်းနေသူလေးပါ။ သူမရိုက်ကူးထားတဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ထပ်တူကြခဲ့တာမို့ လူတိုင်းရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားသူပါ။ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူမရဲ့ဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေကချီချီကိုပိုပြီးအချစ်ပိုနေရတာပါ။ 

သူမရဲ့ချစ်သူနဲ့လည်း အလိုက်ဖက်ဆုံးစုံတွဲလေးတစ်တွဲအဖြစ် ပရိသတ်တွေကသတ်မှတ်ထားကြတာပါ။ သူတို့နှစ်ယောက်ကတော့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ပဲ သာယာပျော်ရွှင်စရာကောင်းတဲ့ချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာပါ။ ချီချီတို့အတွဲလေးဟာ ခရီးသွားတာဝါသနာပါကြသူများပီပီ မကြာခဏလည်း ခရီးထွက်လေ့ရှိကြတာပါ။ တစ်ယောက်နဲ့တစ်ယောက်အနေဝေးကြပင်မယ့်လည်း သူတို့ရဲ့တစ်ယောက်ကိုတစ်ယောက်နားလည်းမှုတွေနဲ့ချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြတာကတော့ ချီးကျူးစရာပါ။

ချီချီကတော့ သူမရဲ့ချစ်သူလေးကို တီတီတာတာလေးနဲ့ချွဲလိုက်ပြန်ပါပြီနော်။ လတ်တလောမှာတော့ သူမဟာညောင်ရွှေမှာရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာပဲ ဖြစ်ပြီးနေမကောင်းဖြစ်နေတာကြောင့် အောင်နွေးဦးကို Video Call လေးခေါ်ကာချွဲနေတာပါ။ အောင်နွေးဦးရဲ့ Instagram myday လေးမှာလည်း “ ဖျားတာကိုလာမတွေ့လို့တဲ့ ဂျီကျ” ဆိုပြီးတင်ထားတာပါ။ ဒီလိုလိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့စုံတွဲလေးကို အားမကျဘူးလားပရိသတ်ကြီးရေ။

Photo - Aung Nway Oo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။