မန်စီးတီးအသင်းဟာဒီနှစ်ဘောလုံးရာသီမှာတော့အင်္ဂလန်မှာကျင်းပတဲ့ဖလားတွေအကုန်သိမ်းပိုက်ပြီးအောင်ပွဲခံနိုင်တဲ့နှစ်လို့ဆိုနိုင်ပါတယ်။မန်စီးတီးအသင်းဟာသမိုင်းတစ်လျောက်၂နှစ်ဆက်တိုက်အမှတ်ပေးချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့သလို့ကွန်မြူနဒီဒိုင်း၊ကာရာဘောင်ဖလား၊အမှတ်ပေးဖလားနဲ့FAဖလားတွေအကုန်ကိုသိမ်းပိုက်နိုင်ခဲ့တာပါ။

မန်စီးတီးအသင်းကတော့ဖလားလေးလုံးနဲ့တူတူမန်ချက်စတာမြို့ကိုပတ်ပြီးအောင်ပွဲခံခဲ့ပါတယ်။ဒီအောင်ပွဲခံပွဲမှာတော့ပရိသတ်တွေအများအပြားတက်ရောက်ဂုဏ်ပြုအားပေးခဲ့ကြတာပါ။အသင်းကထွက်ခွာတော့မယ့်ကွန်ပနီလည်းမန်စီးတီးအသင်းနဲ့တူတူအောင်ပွဲခံခဲ့တာဖြစ်ပြီးသူ့မန်စီးတီးအသင်းမှာကစားတဲ့နောက်ဆုံးရာသီမှာစံချိန်တွေနဲ့အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ဒီနှစ်မှာချန်ပီယံလိဒ်ဖလားကိုပါပစ်မှတ်ထားခဲ့ပေမယ့်စပါးအသင်းကိုနောက်ကျဂိုးတွေကြောင့်ကွာတားဖိုင်နယ်ကနေပဲနှုတ်ဆက်ခဲ့ရတာပါ။မန်စီးတီးကစားသမားတွေကလည်းနောက်နှစ်မှာဥရောပချန်ပီယံလိဒ်ဖလားကိုပစ်မှတ်ထားနေကြတာဖြစ်ပြီးဘယ်လိုတွေစွမ်းဆောင်နိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။