ဆုအိမ့်စံကတော့ မိန်းကလေးတိုင်းအားကျရတဲ့ အမိုက်စားကောက်ကြောင်းအလှတွေပိုင်ဆိုင်ထားတဲ့ အနပညာရှင်တစ်ဦးဖြစ်ပါတယ်။ လှပလွန်းတဲ့ ကောက်ကြောင်းအလှတွေနဲ့ ပုရိသတွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနပညာရှင်တစ်ယောက်ဖြစ်ရာ သူမရဲ့ ကောက်ကြောင်းအလှတွေ ပေါ်လွင်နေတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ် တင်ပေးလေ့ ရှိသူပါ။

သရုပ်ဆောင် သူရိယနဲ့ သရုပ်ဆောင် ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကတော့ ပြီးခဲ့တဲ့ ချစ်သူများနေ့ကမှ စေ့စပ်ထားတဲ့ အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့စုံတွဲလေးက ပရိသတ်တွေနဲ့ နှစ်ဖက်မိဘ ဆွေမျိုးတွေအားလုံးကို အသိပေးပြီး Official တွဲနေကြတဲ့ ချစ်သူနှစ်ဦးလည်း ဖြစ်ပါတယ်။ 

ယနေ့မှာတော့ ဆုအိမ့်စံတစ်ယောက် အတွင်းသားအလှတွေပေါ်လွင်နေပြီး မျက်နှာဝိုင်းဝိုင်းလေးနဲ့ ကလေးငယ်လေးလိုဖြစ်သွားတဲ့ အမိုက်စားဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်တင်ပေးခဲ့ပါတယ်။ သူမကတော့ "ဒီ ခလေးလေး ကိုအရမ်းချစ်နေပြီ "ဆိုပြီး ရေးသားထားခဲ့ ရာ ချစ်ပရိသတ်တွေအတွက် အဆိုပါဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

source: ဆုအိမ့်စံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။