ပရိသတ်ကြီးရေ အကယ်ဒမီသက်မွန်ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးနဲ့အတူ အေးချမ်းသာယာစွာနေထိုင်နေတာပဲဖြစ်ပါတယ်။ချစ်ရတဲ့ ခင်ပွန်းကလည်း နားလည်မှုအပြည့်ပေးထားပြီး ကြင်နာယုယတတ်သူဖြစ်လို့ သက်မွန်လည်း စိတ်ချမ်းသာရပါတယ်နော်။သက်မွန်ရဲ့ သားနဲ့သမီးကလည်း ချစ်စရာလေးတွေဖြစ်ပြီး လိမ္မာရေးခြားရှိကြလို့ မေမေသက်မွန်အတွက် မျက်နှာပွင့်ရတဲ့ ကလေးလေးတွေပါ။

သက်မွန်ကတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို မိသားစုအတွက်လည်း အချိန်ပေးဂရုစိုက်နေတာဖြစ်ပါတယ်။သက်မွန်က ပွဲအခမ်းအနားတွေတက်ရောက်ရင်လည်း တစ်ခါတစ်လေမှာ မိသားစုနဲ့ပါ အတူတူတွဲပြီး တက်ရောက်ကြတာပါ။ပရိသတ်တွေကတော့ သက်မွန်ကို ချစ်ခင်အားပေးရုံသာမက သူမရဲ့ ကြည်နူးစရာမိသားစုလေးကိုပါ အရမ်းချစ်ကြပါတယ်နော်။

အခုဆိုရင်တော့ အဆိုတော်ငွေဇင်လှိုင်းက သက်မွန်တို့သားအမိနဲ့အတူ ဓာတ်ပုံလေးတွေရိုက်ရင်း"နေ့ရက်တိုင်းဟာ လှပနေပါတယ် အချစ်တွေနဲ့ အတူရှိရတယ်"ဆိုပြီး ချစ်စရာပုံရိပ်လေးတွေကို မျှဝေထားပါတယ်။အားချစ်လေးကတော့ ငွေဇင်လှိုင်းတိုးတိုးလေးပြောတဲ့ စကားလေးတွေကို သေချာနားထောင်ရင်း မေမေသက်မွန်နဲ့ အပြိုင်အိုင်တင်ပေးနေတဲ့ ပုံရိပ်လေးတွေကို ချစ်စရာလေးပါနော်။

Source:Ngwezin Hline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။