ပရိသတ်ကြီးရေ ခိုင်သင်းကြည်ရဲ့ သမီးလေး စံထိပ်ထားဦးကတော့ အမေ့ရဲ့ အနုပညာသွေးတွေစီးဆင်းနေတာဖြစ်လို့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို အနည်းအကျဉ်းလောက်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။စံထိပ်ထားဦးလေးကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိနေပြီး ရိုးသားဖြူစင်ပွင့်လင်းတဲ့ ချစ်စရာကောင်မလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်။

ထိပ်ထိပ်လေးက မေမေနဲ့အတူ ပွဲအခမ်းအနားတွေကို အတူတူတက်ရောက်တာကိုလည်းတွေ့ရပြီး မေမေ့နဲ့အတူလည်း ကြော်ငြာတွေကို တွဲပြီး ရိုက်ကူးနေတာကို တွေ့ရပါတယ်နော်။ထိပ်ထိပ်လေးက မာန်မာနမရှိဘဲ ဖော်ရွေစွာဆက်ဆံတတ်သူဖြစ်လို့ လူချစ်လူခင်လည်း ပေါများပြီး မေမေ ဖေဖေ တို့စကားလည်းနားထောင်လို့ လိမ္မာရေးခြားရှိတဲ့ သမီးလိမ္မာလေးတစ်ယောက်ပါနော်။

အခုဆိုရင်တော့ ထိပ်ထိပ်လေးက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မိုးစက်ဝိုင်ရဲ့ မွေးနေ့ပွဲအခမ်းအနားကို တက်ရောက်လာပါတယ်။ထိပ်ထိပ်လေးကတော့ လူငယ်ပီပီ သွက်လက်ပေါ့ပါးနေပြီး ချစ်စရာကောင်းအောင် ပြုမူနေထိုင်တတ်သူလေးပါ။ဆယ်ကျော်သက်အရွယ်လေးမှာ တစ်နေ့တစ်ခြားလှသွေးကြွယ်လာတဲ့ ထိပ်ထိပ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။