အနုပညာလောကမှာ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မင်းသား ညီထွဋ်ခေါင်နဲ့ မင်းသား ကျော်ကျော်တို့နှစ်ယောက်ကတော့ အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဇာတ်ကားတွေ အတူတူတွဲဖက်ရိုက်ကူးခဲ့သလို အပြင်မှာလည်း ညီအစ်ကိုတွေလို ပေါင်းသင်းဆက်ဆံကြတဲ့ BFF အရင်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ယောက်ကိုတစ်ယောက် အမြဲဆေးထိုးစနောက်လေ့ရှိကြတာ ဖြစ်ပါတယ်။

ညီထွဋ်ခေါင်၊ ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက် ဖွဲ့စည်းထားတဲ့ " ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" ဆိုတဲ့အဖွဲ့လေးကပရိသတ်တွေရဲ့အားပေးမှု ရရှိထားတာလည်း ဖြစ်ပါတယ်။ လူမူကွန်ယက်စာမျက်နှာထက်မှာ ဟာသဗီဒီယိုလေးတွေ တင်ပေးလေ့ရှိတဲ့ သူတို့အဖွဲ့လေးက အခုလည်း ညီထွဋ်ခေါင်ရဲ့အဖြစ်ကို ဆေးထိုးထားကြတာ ဖြစ်ပါတယ်။ ညီထွဋ်ခေါင်တစ်ယောက် မင်းသားဖြစ်ပေမယ့် လမ်းဘေးမှာ အဝတ်အစားလဲနေရတာကို ဗီဒီယိုရိုက်ပြီး တင်ထားတာပဲ ဖြစ်ပါတယ်။

ကျော်ကျော်ကတော့ သူငယ်ချင်း ညီထွဋ်ခေါင်ကို ဘေးကနေပြီး လိုက်စနောက်နေသလို " လမ်းဘေးအိပ် လမ်းဘေးစား မဟုတ်တဲ့ လမ်းဘေးလဲ " ဆိုပြီးလည်း ပြောထားတာ တွေ့ရပါတယ်။ လမ်းဘေးမှာ အင်္ကျီလဲနေရတဲ့ ညီထွဋ်ခေါင်ကို ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က အပီအပြင် ဟာသဖောက်ပြီး ဆေးထိုးနေကြတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားဖြစ်ပေမယ့် လမ်းဘေးမှာ အဝတ်လဲနေရတဲ့ ညီထွဋ်ခေါင်ရဲ့ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။