ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ဦးဖြစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးကတော့ တစ်နေ့တစ်ခြား အရမ်းကို ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ထိပ်ထားလေးက မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး မော်ဒယ်လေးလည်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ထိပ်ထားလေးက ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ထိပ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။ထိပ်ထားသခင်လေးကတော့ လက်ရှိမှာ ကြော်ငြာများစွာ ရိုက်ကူးနေရသူလေး ဖြစ်ပါတယ်။ အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ပရိသတ်တွေနဲ့ စတင်ရင်းနှီးလာခဲ့တဲ့ ထိပ်ထားလေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ထားလေးက အခုကတည်းက ဖေဖေနဲ့မေမေအတွက် အားကိုးနေရတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။

ထိပ်ထားလေးရဲ့ အသည်းယားစဖွယ် အမူအရာနဲ့ ပုံလေးတွေကတော့ တကယ့်ကို အပြစ်ကင်းစင်ပြီး မြင်သူတိုင်းကို ချစ်မဝဖြစ်စေနိုင်တာ လည်းတွေ့ရပါတယ်။အခုဆိုရင် ထိပ်ထားလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေပြီဖြစ်ပါတယ်။လတ်တလောမှာတော့ သူလိုချင်တာမဝယ်ပေးတဲ့မေမေ့ကို တော်ကီအမိုက်စားတွေနဲ့ ချုပ်ကာ ချော့လိုက်ခြောက်လိုက် ဟန်ပန်အမူရာမျိုးစုံလုပ်ပြနေတဲ့ ချစ်စရာအရမ်းကောင်းတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကို အခါခါပြန်ကြည့်ချင်လောက်အောင် ချစ်ဖို့ကောင်းလွန်းတာကြောင့်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Source:La Pyae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။