မြန်မာ့လက်ရွေးစင်အသင်းရဲ့တစ်ချိန်ကအဓိကကစားသမားတွေဖြစ်တဲ့ကျော်မင်းဦးကတော့ဘောလုံးလောကမှာဒဏ်ရာကြောင့်အချိန်တော်ကြာနားနေခဲ့ရတာပါ။ဘောလုံးလောကမှအနားယူဖို့တောင်ပရိသတ်တွေထံပြောကြားခဲ့ပေမယ့်အဖွဲ့ချုပ်နဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကြောင့်ဒဏ်ရာကိုပြန်ကုသဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခုမှာတော့ကျော်မင်းဦးဟာဘန်ကောက်မှာခွဲစိတ်ကုသပြီးအောင်မြင်ခဲ့ပါတယ်။ဒါမယ့်ဒဏ်ရာပြန်သက်သာပြီးပုံမှန်အနေအထားပြန်ရောက်ဖို့နဲ့အရင်တိုင်းသန်မာဖို့အတွက်ကတော့အပေါ့စားလေ့ကျင့်မှုတွေနဲ့ကုသရဦးမှာဖြစ်ပါတယ်။ကျော်မင်းဦးနဲ့တူတူဇေယျာနိုင်လည်းဒဏ်ရာကိုခွဲစိတ်ကုသခဲ့ရတာဖြစ်ပါတယ်။

ဘန်ကောက်မှာခွဲစိတ်ကုသမှုခံယူရင်းမြက်ခင်းစိမ်းတွေပေါ်ပြန်လာဖို့ကြိုးစားနေတဲ့သူတို့နှစ်ယောက်ကိုအာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်းမကြာသေးခင်ကသွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဒ်မှာကစားနေတဲ့ကျော်ကိုကိုကလည်းသွားရောက်တွေ့ဆုံအားပေးမှုတွေပြုလုပ်ခဲ့ပြီးကျော်မင်းဦးကလည်းလာရောက်အားပေးခဲ့ကြတဲ့ဦးဇော်ဇော်နဲ့ကျော်ကိုကိုတို့ကိုကျေးဇူးတင်ကြောင်းပြောထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းမြက်ခင်းစိမ်းတွေပေါ်ခြေချဖို့ကြိုးစားနေတဲ့ကျော်မင်းဦးနဲ့ဇေယျာနိုင်တို့ကိုလည်းအားပေးစကားလေးတွေနဲ့အားပေးကြပါဦးနော်။

SOURCE:Kyaw Min Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။