ချစ်ပရိတ်သတ်ကြီးရေ... popသီချင်းအေးအေးလေးတွေကို အမိုက်စားအသံလေးနဲ့ ပရိတ်သတ်တွေရင်ထဲမှာ ခံစားမှုရသအမျိုးမျိုးဖြစ်ပေါ်လာအောင်သီဆိုနိုင်တဲ့ အဆိုတော်မလေးဝိုင်းလေးဆိုတာ ပရိတ်သတ်တွေရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။သူမဟာ အခုအချိန်မှာအောင်မြင်နေတဲ့ လူငယ်တေးသံရှင်နွေထဲကတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ အနုပညာပါရမီပါသူလေးတစ်ယောက်ဖြစ်ပြီးတော့ သူမရဲ့ မဆုတ်မနစ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုနဲ့အောင်မြင်မှုတွေကမုပိုင်ဆိုင်နေခဲ့ရပါတယ်နော်။ အခုနောင်ပိုင်းမှာဆိုရင်လည်းသူမဟာ အနုပညာအလုပ်တွေကိုအရင်ကထက်ကြိုးစားပြီး ဆက်တိုက်လုပ်လာနေခဲ့တာကိုတွေ့ရပါတယ်နော်။

သူမဟာ ဘာသာတရားလည်း အရမ်းကို ကိုင်းရှိုင်းသူလေးတစ်ယောက်လည်းဖြစ်ပြီးတော့ အလုပ်တွေမအားတဲ့ကြားကတောင်တစ်နိုင်တစ်ပိုင်အလှူလေးတွေကို မိမိရဲ့အနုပညာကြေးလေးတွေနဲ့ လုပ်တတ်ပါသေးတယ်။ အခုတစ်ခါမှာလည်း မြန်မာဆန်ဆန် အဖြူရောင်ဝတ်စုံလေးနဲ့ ရွှေတိဂုံစေတီတော်ပေါ်မှာ ဘုရားသွား ကျောင်းတက် ကုသိုလ်ယူနေပြန်ပါတယ်နော်။ စိတ်ထားလည်းဖြူစင်ပြီး ချစ်ဖို့လည်းကောင်းလွန်းတဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် ဝိုင်းလေးရဲ့ ကုသိုလ်ပြုနေတဲ့ပုံရိပ်လေးတွေကို ကြည်နူးသာဓုခေါ်လို့ရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source  : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။