ပရိသတ်ကြီးရေ သားဂန်းနဲ့ဘေဘီမောင်တို့စုံတွဲလေးဟာဆိုရင် အပြန်အလှန်နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားကြလို့ သာယာပျော်ရွှင်ရတဲ့ အချစ်ရေးလေးပဲဖြစ်ပါတယ်နော်။သားဂန်းနဲ့ဘေဘီမောင်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေရင်း ပရိသတ်တွေရဲ့ အချစ်များစွာကို ခံယူနေကြတာပဲဖြစ်ပါတယ်။

ဘေဘီမောင်နဲ့ သားဂန်းတို့နှစ်ယောက် အတူတူတွဲပြီး သီဆိုထားတဲ့ စုံတွဲသီချင်းလေးတွေကလည်း အရမ်းနားထောင်လို့ကောင်းတာကြောင့် ပရိသတ်တွေက အားပေးနေကြတာပဲဖြစ်ပါတယ်။သားဂန်းက ဘေဘီမောင်တို့မိသားစုနဲ့လည်း ရင်းနှီးလို့ အတူတူသွားလာကြပြီး ယောက္ခမကြီးကလည်း တစ်ခါတစ်လေ ထမင်းဟင်းတွေကို ဖွယ်ဖွယ်ရာရာလေး ချက်ကျွေးတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ ဘေဘီမောင်နဲ့သားဂန်းတို့ရဲ့ ချစ်သက်တမ်းကလည်း လ မှ နှစ်တွေ သို့ တစ်ဖြည်းဖြည်းကူပြောင်းလာနေပြီး သံယောဇဉ်တွေလည်း ပိုပြီး ခိုင်မြဲနေတာဖြစ်ပါတယ်။သားဂန်းကတော့"ပိုင်ဆိုင်ဖို့ရည်ရွယ်ခဲ့ မြင်နေရုံလေးနဲ့ရင်မှာကျေနပ်တယ်နမ်းရှိုက်ခွင့်ရရင်"ဆိုပြီး ရိုဆန်ဆန်စကားလုံးလေးတွေကိုရေးသားပြီး ချစ်သူနှစ်ဦးရဲ့ သာယာကြည်နူးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:Thar Gan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။