ရဲရင့်အောင်ကတော့ ဆယ်ကျော်သက်လူငယ်တွေ အသည်းစွဲအားပေးခဲ့ရတဲ့ ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ရဲရင့်အောင်ရဲ့ အချစ်သီချင်းလေးတွေ အဆွေးသီချင်းလေးတွေဟာ ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲကို တိုးဝင်စေပြီး နားထောင်လို့ ကောင်းနေဆဲပဲဖြစ်ပါတယ်။ 

ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ အပါအဝင် ဖြစ်ကြပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ သူတို့ချစ်သူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် နားလည်မှု အပြည့်နဲ့ ရှေ့ဆက်နေကြတာ ဖြစ်ပါတယ်။ 

ယနေ့လေးကတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ရဲ့ anniversary နေ့လေးပဲဖြစ်ပြီး အပျော်လွန်ကာ ကားပေါ်မှာ သီချင်းလေးနဲ့ အသားကုန်ဒွန့်နေကြပါတယ်။ ရဲရင့်အောင်ကတော့ " happy anniversary ပါအရူးမလေးရေ အတူတူလိုက်ရူးပေးခဲ့တာတွေရော အဆိုးအချိန်မှာ ရှိနေခဲ့တာတွေရော ဖြစ်တည်မှုအားလုံးအတွက်" ဆိုပြီး ရေးသားထားရာ အဆိုပါဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

sourceး ရဲရင့်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။